Trending Now

မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် ကျပ်သိန်း သုံးရာနီးပါးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် ကျပ်သိန်း သုံးရာနီးပါးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ ဇူလိုင် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်စခန်းတွင် မန္တလေးဘက်မှ မောင်းနှင်လာသည့် (AD-van) မော်တော်ယာဉ်တွင် သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်းသုံးရာတန်ဖိုးရှိ မူးယစ်ဆေးဝါးများထည့်ထားသည့် ဆပ်ပြာခွက် (၁၁၀) ခွက်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇူလိုင်လ (၁၆) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်ခန့်တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု (၃) မှ မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် မန္တလေးဘက်မှ ယာဉ်မောင်း ထက်အောင် (ခ) ထက်ထက်အောင်မောင်းနှင်လာသည့် (AD-van) အမျိုးအစား၊ ယာဉ်အမှတ် SHN-38/4560 အားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ရာ မော်တော်ယာဉ်၏ နောက်ဘက် ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ်၏အောက်ကြမ်းပြင်တွင် အံဝှက်ပြုလုပ်သယ်ဆောင်လာသည့် အဝါရောင်တိတ်ဖြင့်ပတ်ထားပြီး၊ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါးများထည့်ထား‌သော ရောင်စုံဆပ်ပြာခွက်(တစ်ခွက်လျင် (၁၀) ဂရမ်စီပါ) ဆပ်ပြာခွက် (၁၁) ခွက်၊ အထုပ် (၁၀) ထုပ် စုစုပေါင်းဆပ်ပြာခွက် (၁၁၀) ခွက်၊စုစုပေါင်း မူးယစ်ဆေးဝါးအလေးချိန် (၁ ဒသမ ၁) ကီလို၊ကာလတန်ဖိုးငွေကျပ် (၂၇၅) သိန်း အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို အိုက်လျန် ဆိုသူမှ ဖါးကန့်မြို့သို့ ပို့ဆောင်ပေးရန်နှင့် ပို့ဆောင်ခအဖြစ် ကျပ်သိန်း (၂၀) ပေးမည်ဖြစ်ပြီး၊ စရန်ငွေအဖြစ် (၁၀) သိန်းပေးခဲ့ကြောင်း၊ အိုက်လျန်မှ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၆၂) လမ်းနှင့်သိပ္ပံလမ်းထောင့်တွင် လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ထက်အောင် (ခ) ထက်ထက်အောင်မှ ဝန်ခံထွက်ဆိုခဲ့သဖြင့် ရဲအုပ်အောင်ကိုလွင်မှ တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ခဲ့သည်။

ယင်းကြောင့် မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ထက်အောင် (ခ) ထက်ထက်အောင် (၃၁) နှစ်၊ (ဘ)ဦးစန်းယု ကန်ဇီးရွာ၊ ကုလားကြီးကျေးရွာအုပ်စု၊ ချောင်းဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူနှင့် အိုက်လျန် (စုံစမ်းဆဲ) တို့အား မိုးညှင်းမြို့မရဲစခန်းမှ မယ (ပ) ၁၃/၂၀၂၃၊ ပုဒ်မ ၁၉ (က) /၂၀ (က) / ၂၁ ဖြင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။