Trending Now

မြစ်ကြီးနားတွင် တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး စွန့်ပစ်ထားခံရ

Spread the love

မြစ်ကြီးနားတွင် တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး စွန့်ပစ်ထားခံရ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၀

မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်တွင် ယမန်နေ့ ညပိုင်း ၇ နာရီဝန်းကျင်ခန့်က တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး စွန့်ပစ်ထားခံရကြောင်း အနီးရှိရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းစုတောင်ရပ်ကွက်ရှိ မန္တလေး ဘုန်းကြီးကျောင်း အပြင်ဘက်လမ်းပေါ်တွင် ကလေးငယ်တစ်ဦး အော်ငိုပြီး လေးဘက်ကုန်းဖြင့် လာနေသည်ကို အနီးရှိပြည်သူများမှမြင်ပြီး ခေါ်ထားခဲ့ရာ ယခုတွင် ရှမ်းစုတောင်ရပ်ကွက် ရာအိမ်မှုးအိမ်တွင် ထားရှိပေးထားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

“ ကလေးက လေးဘက်ကုန်းနဲ့ငိုပြီး လာနေတာပေါ့။ အရမ်းငိုနေတော့ သွားကြည့်ပေးကြတာ။ မိဘအနားမှာ ရှိမယ်ထင်ပြီးဝိုင်းလည်းရှာကူပေးကြပေမယ့် မတွေ့ဘူး။ အဲ့တာကြောင့် ရပ်ကွက်လူကြီးတွေကိုခေါ်ပြီး ပြုစုထားလိုက်တယ်။ ခလေးက တစ်နှစ်အရွယ်ပဲ ရှိအုံးမယ်။ စကားမပြောတတ်သေးဘူး။ သူပါးစပ်ဖျားကနေ ပြောနေတာတော့ အမေဆိုပြီး အသံဝဲဝဲလေးနဲ့ ပြောနေတယ်။ မိဘတွေ၊ ဆွေမျိုးတွေသိရအောင်ဆိုပြီး လိုင်းပေါ်တင်ထားပေမယ့် အခုချိန်ထိ ဆက်မသွယ်လာကြသေးဘူး ” ဟု၎င်းကဆိုသည်။

အဆိုပါကလေးမှာ (၁) နှစ် အရွယ်ခန့်သာရှိပြီး၊ သူ၏နဖူးနှင့် လက်သည်းများတွင် ဒန်းဆိုးထားသည့် အမှတ်သားလေးများပါရှိသည့်အတွက် ကလေး၏မိဘဆွေမျိုးများ တွေ့ရှိပါက ရှမ်းစုတောင်ရပ်ကွက် ရာအိမ်မှူးအိမ်တွင် လာယူနိုင်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။