Trending Now

လေရှီးမြို့တွင် ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်

Spread the love

လေရှီးမြို့တွင် ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၇ (၂၀၂၄)

လေရှီးမြို့တွင် ကျင်းပသည့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၄ ရက်နေ့တွင် စတင်ကျင်းပသည့် ရိုးရာပွဲးအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဂုဏ်ပြုဆုများ ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်နေ့တွင် ရိုးရာပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ နာဂလူမျိုးများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ စည်းလုံးညီညွတ်မှုရှိခြင်းတို့ကို မြင်တွေ့ရ၍ ဝမ်းသာပီတိဖြစ်ရကြောင်း၊ နာဂဒေသတွင် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် လိုအပ်ချက်များကို ကူညီဆောင်ရွက်နေသလို ဆက်လက်ပြီးလည်း ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ သည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနား ပြီးဆုံးချိ‌န်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးထံ နာဂရိုးရာစာပေနှင့် ယာဉ်ကျေးမှု (ဗဟို) ကော်မတီနာယက ဦးရူစံကြူးမှ နှစ်သစ်ကူးအမှတ် တရ လက်ဆောင်ပေးအပ်ခဲ့ပြီး ဝန်ကြီးများမှလည်း ဒေသဖွံဖြိုး‌ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ် ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူအဖွဲ့ဝင်များမှ လေရှီးမြို့အတွင်းရှိ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းများနှင့် သက်ဆိုင်ရာနေရာများသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြပြီး၊ ညပိုင်းတွင် ရိုးရာမီးပုံပွဲသို့ တက်ရောက်၍ နှစ်သစ်ကူးအထိမ်းအမှတ် မီးရှူးမီးပန်းများကိုလည်း ဂုဏ်ပြုပစ်ဖောက်ခဲ့ကြကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။