Trending Now

ရန်ကုန်တိုင်း အစိုးရအဖွဲ့ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ဖမ်းဆီးခံရ

Spread the love

ရန်ကုန်တိုင်း အစိုးရအဖွဲ့ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် ဖမ်းဆီးခံရ

EPN
ရန်ကုန် ၊ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းအတွင်းရေးမှူး ဖြစ်သူ ဦးစိုးစိုးဇော်ကိုယ် မေ ၁၆ ရက် ၊မနေ့ညက ဖမ်းဆီးသွားတယ်လို့ တိုင်းအစိုးရ အသိုင်းအဝိုင်းဆီက သိရပါတယ် ။

” စရဖ နဲ့ ရဲတွေက ညက ခေါ်သွားတာဖြစ်တယ် ၊ ဒီမနက်ကြတော့ အဖမ်းခံရပြီးလို့ သတင်းထွက်လာတယ် ၊ လယ်ယာမြေကိစ္စ အဂတိနဲ့ ညှိတယ် ထင်တယ် ” လို့ ရန်ကုန် အစိုးရအဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် အဖမ်းခံရတယ်ဆိုတာ သိရှိရပြီး ဘာအတွက်ကြောင့် အဖမ်းခံရတယ်ဆိုတာ EPN အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး ။

ဒါ့အပြင် အလတ်တလော အဖမ်းခံထားရတယ်ဆိုတဲ့ ဦးစိုးစိုးဇော်ဟာ အရင်က ပခုက္ကူ ခရိုင် ၊ ရေစကြိုတပ်နယ်မှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ တိုင်းအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲ့ဒီကနေမှတဆင့် ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆီ ပြောင်းရွေ့တာဝန်ထမ်းဆောင်ရင်း အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က မြို့တော်ဝန်ဦးဗိုလ်ဌေးနဲ့စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးတိုကို စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ပြီး မတ်လ ၃၀ ရက်နေ့မှာ မြို့တော်ဝန်ဦးဗိုလ်ဌေးကို ပြန်လည်လွှတ်ပေးခဲ့ပြီး စီးပွားရေးဝန်ကြီးဦးအောင်သန်းဦးကိုတော့ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

နစကကောင်စီလက်ထက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးဖမ်းဆီးခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းက မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ဖမ်းဆီးခဲ့တာလည်းရှိပါတယ်။
သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။