Trending Now

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု စံချိန်သစ်တင်

Spread the love

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု စံချိန်သစ်တင်

EPN
နိုင်ငံတကာ၊ မေ ၂၉

လက်ရှိအချိန်ထိ တစ်ရက်အတွင်း အမြင့်ဆုံးကူးစက်မှုအဖြစ် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၆၄၁၇ မှု တွေ့ရှိခဲ့ကြောင်း ဘရာဇီးနိုင်ငံက ထုတ်ပြန်ခဲ့ရာ စုစုပေါင်း ကူးစက်မှုမှာ ၄၃၈၂၃၈ အထိ မြင့်တက်လာခဲ့ပြီဟု အာ ဏာပိုင်များက ပြောကြားသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၁၅၆ ဉီး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူ စုစု ပေါင်း ၂၆၇၅၄ ဉီးအထိ ရှိလာခဲ့ပြီဟု ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

ဘရာဇီးနိုင်ငံက သုံးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသေဆုံးသူ ၁၀၀၀ ကျော် ကြုံတွေ့ခဲ့ရ ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ဆိုသည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားချိန်ကတည်းက လူနာ ၁၇၇၆၀၄ ဉီး ပြန်လည်သက် သာလာခဲ့ပြီဟု သိရသည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာနေရာနှင့် လူနေအထူထပ်ဆုံး ဆောပေါလိုပြည်နယ် တွင် ကိုဗစ်-၁၉ လူနာ ၆၉၈၀ ဉီး သေဆုံးခဲ့ပြီး ကူးစက်မှု ၉၅၈၆၅ မှု ဖြစ်ပွားခဲ့ကာ ရီယိုဒီဂျနေရိုးပြည်နယ်တွင် သေဆုံးမှု ၄၈၅၆ နှင့် ကူးစက်မှု ၄၄၈၈၆ မှုအထိ မြင့်တက်လာခဲ့သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Brazil sets new record for daily COVID-19 infections


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။