Trending Now

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မြင့်တက်လာ

Spread the love

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မြင့်တက်လာ
EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၃
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ ပြင်းထန်တဲ့ အပှုလှိုင်ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်မြင့်တက်လာ နေတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ယနေ့ ဇူလှိုင်လ ၁၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
“၂၀၁၅ ခုနှစ်မှာ ဒေလီ ရဲ့ အမြင့်ဆုံး ဓါတ်အားလိုအပ်ချက်က ၅,၈၄၆ မဂ္ဂါဝပ်သာရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ် မှာတော့ လိုအပ်ချက်ပိုမိုမြင့်မားလာပါတယ် ။” လို့ အိန္ဒိယ အစိုးရက မှတ်ချက်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဒေလီမြို့တော်မှာ အကြီးမားဆုံးအမိုက်ပုံကြီးမီးလောင်ခဲ့ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အပှုလှိုင်းတွေအပြင် ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ပန်ကာ၊လေအေးပေးစက် အသုံးပြုမှုနှုန်းဟာ မြို့တော် အတွင်းမှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ဒေလီမြို့ရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ဟာ ၇,၆၉၅ မဂ္ဂါဝပ်အထိ ရှိခဲ့ပြီး ဒါဟာ ဒေလီမြို့ရဲ့ ဓါတ်အားလိုအပ်ချက် စံချိန်တင်မြင့်တက်လာခဲ့တာကို ဖော်ပြခဲ့တာပါ။
ဒေလီမြို့တော်အစိုးရက မြို့တော်အတွင်းမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် Dadri-II ဓာတ်အားပေးစက်ရုံမှာ လက်ရှိခွဲတမ်းဖြစ်တဲ့ ၇၂၈ မဂ္ဂါဝပ်ကို ဆက်လက်ထိမ်းသိမ်းထားဖို့ ပြည်ထောင်စုဓာတ်အားဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။
ဒေလီမြို့တော်ဟာ အမျိုးသားမြို့တော်ဖြစ်တဲ့အတွက် အနှောင့်အယှက်ကင်းကင်း နဲ့ ၂၄ နာရီ ယံကြည်စိတ်ချရတဲ့ လျှပ်စစ်ဓါတ်အား ရရှိဖို့ အရေးကြီးတယ်လို့ ဒေလီအစိုးရက ဆိုပါတယ်။
Source – TOI

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။