Trending Now

ညောင်တုန်းမြို့နယ်တွင် တစ်ပတ်အတွင်း မိုးသက်လေပြင်းဒဏ်ကြောင့် နေအိမ် ၅၀ ပြိုကျပြီး ၈၇ လုံး အမိုးလန်ပျက်စီး

Spread the love

ညောင်တုန်းမြို့နယ်တွင် တစ်ပတ်အတွင်း မိုးသက်လေပြင်းဒဏ်ကြောင့် နေအိမ် ၅၀ ပြိုကျပြီး ၈၇ လုံး အမိုးလန်ပျက်စီး

EPN
ညောင်တုန်း ၊ မေလ ၉

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် မေလ ၃ရက်မှ ၉ ရက်အထိ တစ်ပတ်အတွင်း မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ်အလုံး ၅၀ ပြိုကျပျက်စီးခဲ့ပြီး ၈၇ လုံးအမိုးလန်ပျက်စီးခဲ့ရကြောင်း ညောင်တုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။

မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် မေလ ၃ရက်မှ ၉ က်အထိတစ်ပတ်အတွင်းမိုးသက်လေပြင်းဒဏ်ကြောင့် ထိပ်ဝကြီးကျေးရွာအုပ်စုနှင့် မြမ္မာပြာသာကျေးရွာအုပ်စုတို့ရှိ ကျေးရွာခွဲ ၁၃ ရွာမှ လူနေအိမ်အလုံး ၅၀ပြိုကျပျက်စီး ခဲ့ပြီး ၈၇ လုံးအမိုးလန်ပျက်စီးခဲ့ရကြောင်းသိရသည်။

အဆိုပါ လေပြင်းဒဏ်ကြောင့် သွပ်မိုး ၊ ထာရံကာနေအိမ် နှင့် ဓနိမိုးထာရံကာ၊ ပျဉ်ခင်းအိမ်များ ပျက်စီးခဲ့ပြီး စုစုပေါင်း နေအိမ် ၁၃၇ လုံးရှိအိမ်ထောင်စု ၁၃၇ စုမှလူဦးရေ ၅၈၄ ဦးတို့ သဘာဝဘေးဒဏ်သင့်ခဲ့ရကြောင်း သိရသည်။

”အချိန်အခါမဟုတ်မိုးဒဏ်နဲ့လေပြင်းဒဏ်ကြောင့် တစ်ပတ်အတွင်း လူနေအိမ်ခြေအလုံး ၅၀ပြိုကျခဲ့ပြီး အမိုးလန်နေအိမ် ၈၇ လုံးအမိုးလန်ခဲ့တယ်။ စုစုပေါင်း နေအိမ် ၁၃၇ လုံးကအိမ်ထောင်စု ၁၃၇စုလေဘေးသင့် ခဲ့ရတယ်။ လေဘေးသင့်ပြည်သူများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများ အိမ်ထောင်စုများလက်ဝယ်ထံကွင်းဆင်းထောက်ပံ့ပေး ထားပြီဖြစ်တယ်။”ဟုညောင်တုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက
ပြောသည်။

အဆိုပါ လေဘေးသင့်အိမ်ထောင်စု (၁၃၇)စုမှလူဦးရေ ၅၈၄ ဦးတို့အတွက်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံး ၅၀၊ တန်ဖိုးငွေကျပ် ၂၃၀၁၈၀ဝ၊ဆန်ရိက္ခာခုနှစ်ရက်စာ ငွေကျပ် ၁၂၂၆၄၀ဝ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၇၆၁၀၀၀ဝ စုစုပေါင်းထောက်ပံ့ရန်ပုံငွေကျပ် ၈၈၃၆၄၀ဝ ကိုလေဘေးသင့်ပြည်သူများလက်ဝယ်အရောက်ကွင်း ဆင်း ထောက်ပံ့ပေးထားကြောင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

အဆိုပါ လေပြင်းဒဏ်ကြောင့် လူနှင့် တရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိဘဲ နေအိမ်များနှင့် လျှပ်စစ်မီးဓာတ်တိုင်များသာ လဲကျသာပျက်စီးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။