Trending Now

ကမ္ဘောဒီးယားတရားရုံးက အတိုက်အခံပါတီဝင် ၃၆ ဦးကို ထောင်ဒဏ်ချမှတ်

Spread the love

ကမ္ဘောဒီးယားတရားရုံးက အတိုက်အခံပါတီဝင် ၃၆ ဦးကို ထောင်ဒဏ်ချမှတ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃

ဖနွမ်းပင်မြူနီစီပယ်တရားရုံးက ဖျက်သိမ်းခံထားရတဲ့ (ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီ) CNRP ခေါင်းဆောင်ဟောင်း ဆမ်ရိန်စီ နဲ့ အရာရှိဟောင်း ၃၆ ဦးကို ထောင်ဒဏ် အသီးသီးချမှတ်လိုက်ပါတယ်။

အစိုးရကို ဖြုတ်ချဖို့ ပူးပေါင်းကြံစည်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတွေနဲ့ အတိုက်အခံ လွတ်တော်အမတ်ဟောင်း ၃၆ ဦးကို တရားရုံးက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ်အထိ အသီးသီး ချမှတ်ခဲ့တာပါ။

ပါတီခေါင်းဆောင်ဟောင်းဖြစ်တဲ့ ရိန်စီဟာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်တွေ အပြင် ပြစ်ဒဏ်ပေါင်းများစွာ ချမှတ်ခံထားရလို့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကာ ပြင်သစ်မှာ ၂၀၁၅ ခုနှစ်ကတည်းက ခိုလုံနေခဲ့ရတာဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေထဲက သုံးဦးသာ လက်ရှိဖမ်းဆီးခံထားရပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အခြားလူ ၃၃ ဦးကို တရားရုံးက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပါတီခေါင်းဆောင်ဟောင် ရိန်စီနဲ့ ပတ်သက်တဲ့ သူတွေဟာ တရားဥပဒေအရ အရေးယူခံရမယ်လို့ ပြောဆိုခဲ့ပြီး သူရဲ့ (ဟွန်ဆန်) လက်ထဲမှာ အာဏာရှိနေတယ်ဆိုတာကို မမေ့ဖို့ ယမန်နေ့က သတိပေးခဲ့ပါတယ်။

— ကိုးကား —
FN
ref; PM Hun Sen Warns of Legal Actions against Anyone Involving with Three-generation Traitor

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။