Trending Now

ငွေကြေးအလွဲသုံးစားမှုကြောင့် ဘိုလီဗီးယား ကျန်းမာရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်

Spread the love

ငွေကြေးအလွဲသုံးစားမှုကြောင့် ဘိုလီဗီးယား ကျန်းမာရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်

EPN
နိုင်ငံတကာ၊ မေ ၂၁

ဘိုလီဗီးယား ယာယီသမ္မတ ဂျင်နိုင်းအေးနက်ဇ်ချာဗက်က ကျန်းမာရေးဝန်ကြီး မာဆယ်လိုနာဗာဂျာကို ကိုဗစ်-၁၉ လူနာများအတွက် မတန်တဆစျေးနှုန်းဖြင့် စပိန်နိုင်ငံလုပ် အသက်ရှူအထောက်အကူပြုကိရိယာ ၁၇၀ ခု ဝယ်ယူမှုအပါအဝင် ငွေကြေးအလွဲသုံးစားမှုတစ်ခုတွင် ပါဝင်သည့် အခန်းကဏ္ဍကြောင့် ရာထူးမှထုတ်ပယ်ခဲ့ သည်။

နာဗာဂျာကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ဆက်သွယ်ရေးဝန်ကြီး အစ္စဘယ်ဖာနန်ဒက်ဇ်က အဆိုပါသ တင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဘိုလီဗီးယားနိုင်ငံက ပွဲစားများမှတစ်ဆင့် စပိန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုထံမှ တစ် လုံးလျင် အမေရိကန်ဒေါ်လာ ၂၇၆၈၃ ဖြင့် ဒေါ်လာ ၅ သန်းနီးပါး အကုန်အကျခံကာ အသက်ရှူအထောက်အကူ ပြုကိရိယာ ၁၇၀ ကျော် ဝယ်ယူခဲ့သည်။

စပိန်နိုင်ငံရှိ GPA Innova ကုမ္ပဏီထုတ် အသက်ရှူအထောက်အကူပြုကိရိယာတစ်လုံးလျင် ဒေါ်လာ ၇၁၉၄ သာရှိကြောင်း ဘိုလီဗီးယားမီဒီယာများက ဖော်ထုတ်တွေ့ရှိခဲ့သည်။ အဆိုပါ အသက်ရှူအထောက်အကူပြု ကိရိယာများက အထူးကုသဆောင်တွင် အသုံးပြုရန် လိုအပ်ချက်များ မပြည့်မီဟု ဆရာဝန်များက ပြောကြားချိန် တွင် အရှုပ်တော်ပုံမှာ အရှိန်မြင့်လာခဲ့သည်။

“တရားရေးဌာနရဲ့အလုပ်မှာ စွက်ဖက်မှုမရှိစေဖို့နဲ့ စုံစမ်းစစ်ဆေးမှုတွေ မကြန့်ကြာစေဖို့ သမ္မတက မာ ဆယ်လိုနာဗာဂျာကို ကျန်းမာရေးဝန်ကြီးရာထူးက ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အိုင်ဒီရိုကာက ဝန်ကြီးရာထူးကို ယာယီ တာဝန်ယူပါလိမ့်မယ်” ဟု ဖာနန်ဒက်ဇ်က ပြောသည်။

“အသက်ရှူအထောက်အကူပြုကိရိယာတွေ ဝယ်ယူတဲ့ အကျင့်ပျက်ချစားမှု ကျူးလွန်ခဲ့တဲ့သူတွေကို စုံ စမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်ဖို့နဲ့ ပြည်သူတွေဆီ ငွေတွေပြန်ရောက်လာဖို့ ကျွန်မ ကတိပြုပါတယ်။ ဆေးရုံ တွေကို ပွင့်လင်းမြင်သာစွာ ကိရိယာတွေတပ်ဆင်ဖို့ ကျွန်မ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု ယာယီ သမ္မတ ချာဗက်က တွစ်တာ၌ ရေးသားခဲ့သည်။

အရှုပ်တော်ပုံတွင် ပါဝင်မှုကြောင့် စုံစမ်းစစ်ဆေးခံနေရသည့် အခြား တာဝန်ရှိသူများကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဖာနန်ဒက်ဇ်က ဆိုသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ဥပဒေဌာန၏ အကြီးအကဲနှင့် ဆေးဘက် ဆိုင်ရာ ကိရိယာများဝယ်ယူရေးအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ်တို့ကိုလည်း ဖမ်းဆီးခဲ့သည်။

–ကိုးကား–
ဆန်တီယာဂိုတိုင်းမ်
Ref; Bolivian health minister arrested, fired over costly ventilators


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။