Trending Now

ကချင်ပြည်နယ် အတွင်း ၂၀၂၂/၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ တစ်သောင်းကျော်ရှိ

Spread the love

ကချင်ပြည်နယ် အတွင်း ၂၀၂၂/၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ တစ်သောင်းကျော်ရှိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၁

ယခုနှစ် မတ်လအတွင်း ကျင်းပမည့် ၂၀၂၂/၂၃ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကချင်ပြည်နယ် အတွင်းက ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော် ဖြေဆိုသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် အခြေခံပညာရေးဦးစီးဌာန၏ လက်ရှိပြုစုထားသည့် စာရင်းများအရ သိရသည်။

အခြေခံပညာဦးစီးဌာန၊ ကချင်ပြည်နယ်၊ပညာရေးမှူရုံးမှ လတ်တလော ပြုစူုထားသည့် စာရင်းများအရ ပြည်နယ်အတွင်းရှိ ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၁၀၄၈)ဦးနှင့် ပြင်ပမှ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၉၂၁၇) ဦး (၁၀၂၆၅)ဦး အထိ ရှိနေပြီး နောက်တိုး စာရင်းများလည်း ထပ်တိုးလည်း ရှိနေကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“အခုလက်ရှိ အချိန်မှာတော့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားကျောင်းသူ စာရင်းကတော့ အတည်မပြုနိုင်သေးဘူး အတွင်း အပြင် လက်ရှိ စာရင်းကတော့ (၁၀၂၆၅)ဦး အထိ ရှိနေတယ်။ နောက်ထပ် အတိုးစာရင်းတွေလည်း ရှိနေသေးတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ပညာသင်နှစ် အတွင်းက ကချင်ပြည်နယ် အတွင်းရှိ စာစစ်ဌာန (၄၈) တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အတွင်း၊ အပြင် ဖြေဆိုသူ စုစုပေါင်း (၁၂၇၇၇) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။