Trending Now

Victoria’s Secret ၏ ပထမဆုံး ပွဲထုတ်မည့် ဒေါင်းဆင်းဒရုန်း မော်ဒယ်

Spread the love

Victoria’s Secret ၏ ပထမဆုံး ပွဲထုတ်မည့် ဒေါင်းဆင်းဒရုန်း မော်ဒယ်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

အမျိုးသမီးဝတ် အတွင်းခံများ ထုတ်လုပ်သည့် Victoria’s Secret ကုမ္ပဏီသည် မကြာမီဖြန့်ချိမည့် ၎င်းတို့၏ Love Cloud ဟု အမည်ပေးထားသော ဒီဇိုင်းသစ် ပရိုမိုးရှင်းပွဲတွင် ဒေါင်းဆင်းဒရုန်း မော်ဒယ် တစ်ဦးလည်း ပါဝင်မည်ဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။

ဒီဇိုင်းသစ် ပရိုမိုးရှင်းပွဲတွင် မတူညီသည့် နောက်ခံအမျိုးမျိုးမှ လာသော မော်ဒယ် ၁၈ဦးကို အသုံးပြု၍ ပွဲထုတ်မည်ဖြစ်ပြီး ၎င်းတို့တွင် ဒေါင်းဆင်ဒရုန်း မော်ဒယ်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဆိုဖီယာ ဂျီရော ပထမဆုံး အကြိမ်အဖြစ် ပါဝင်လာခြင်းဖြစ်သည်။

ဒေါင်းဆင်ဒရုန်း (Down Syndrome) ဆိုသည့် မျိုးဗီဇဆိုင်ရာ ဉာဏ်ရည်မသန်စွမ်းတဲ့ မွေးရာပါရောဂါတစ်မျိုး ခံစားနေရသည့် အသက် ၂၄ နှစ်အရွယ် ဆိုဖီယာ ဂျီရော သည် လွန်ခဲ့သည့် ၃ နှစ်မှ စတင်ပြီး မော်ဒယ်တစ်ဦး အဖြစ်တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။

Victoria’s Secret ကုမ္ပဏီ၏ ပထမဆုံး ဒေါင်းဆင်းဒရုန်း မော်ဒယ်ဖြစ်လာသည့် ဆိုဖီယာ ဂျီရောသည် ရောဂါခံစားနေရသည့်အခြားလူများကိုလည်း သူမကဲသို့ ဖြစ်စေလိုကြောင်း Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

″သူတို့မှာ ကျွန်မလိုရောဂါ ရှိတယ်ဆိုရင်တောင် မော်ဒယ်လုပ်နိုင်တယ်၊ အလုပ်အကိုင်တွေ ရှိနေပါသေးတယ်” ဟု သူမက ပြောကြားခဲ့သည်။

Victoria’s Secret ၏ ယခုထုတ်လုပ်မည့် Love Cloud ဒီဇိုင်းများသည် အမျိုးသမီးများ၏ နေ့စဉ်ဘ၀ သက်သောင့်သက်သာရှိမှုကို အသားပေးထားခြင်းဖြစ်ပြီး နောက်ခံ မတူညီသည့် မော်ဒယ် ၁၈ဦးကို အသုံးပြုခြင်းက ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများကို ကိုယ်စားပြုသည်ဟု ဆိုဖီယာက ဆိုသည်။

Victoria’s Secret သည် ယခင်နှစ်များက ၎င်းတို့၏ Sexy အသားပေး မော်ဒယ်များကြောင့် ဝေဖန်မှုများ အပြင်းအထန် ခံခဲ့ရပြီးနောက် ရောင်းအားကျဆင်းလာခဲ့ပြီးနောက် လူမှုကဏ္ဍ အသီးသီးမှ အမျိုးသမီးများကို မော်ဒယ်များအဖြစ် ရွေးချယ်ခြင်းများ စတင်ခဲ့ကာ ယခု Love Cloud ဒီဇိုင်းသစ်တွင် မတူကွဲပြားသည့် မော်ဒယ်များ အများအပြား ပါဝင်လာခဲ့ခြင်းဖြစ်သည်။

— ကိုးကား —
CNBC
Ref; Victoria’s Secret hires its first model with Down syndrome


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။