Trending Now

တရုတ်နိုင်ငံ မှာ အဆောက်အဦပြိုကျပြီး လူပေါင်း ၅၃ ဦး သေဆုံးခဲ့

Spread the love

တရုတ်နိုင်ငံ မှာ အဆောက်အဦပြိုကျပြီး လူပေါင်း ၅၃ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ မေ ၆

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တရုတ်နိုင်ငံ ချန်ရှာမြို့မှာ အဆောက်အဦး ပြိုကျပြီး လူပေါင်း ၅၃ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ယနေ့ဖော်ပြခဲ့ပါတယ်။

ဟူနန်ပြည်နယ် ချန်ရှာမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်က ရှစ်ထပ်အိမ် ပြိုကျခဲ့ပြိုကျခဲ့လို့ လူပေါင်း ၅၃ ဦးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၁၀ ဦးကိုသာ ကယ်ဆယ်ရေးသမားများက ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြိုကျရတဲ့ အကြောင်းရင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး အဆောက်အဦးပိုင်ရှင် နဲ့ ဆောက်လုပ်ရေး ပညာရှင်တွေအပါအဝင် လူပေါင်း ၁၀ ဦးထက်မနည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ယခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံမှာ ကိုယ်တိုင်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ ဟာ စံချိန်စံညွှန်းနဲ့ အညီဆောက်လုပ်ထားတာ မဟုတ်လို့ ပြိုကျမှုနှုန်းဟာ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို မကြာခဏတိုက်အိမ်တွေ ပြိုကျနေတာကြောင့် အဆောက်အဦးတွေကို သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ အညီဆောက်လုပ်ထားခြင်းရှိမရှိကို တရုတ်နိုင်ငံသမ္မတ က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ သတိပေးပြောဆိုထားပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။