Trending Now

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်မည်

Spread the love

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း
ဖွင့်လှစ်မည်

EPN
ဝိုင်းမော်၊ ဒီဇင်ဘာ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၌ စက်မူ၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာလ၂၇ ရက် နံနက် ၈နာရီချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဝန်းအတွင်း ၌ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် များ မြို့နယ်ပညာရေးမှူးတို့ ဦးဆောင် ပြုလုပ်ခဲ့သည်။

စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူးရေးအထက်တန်းကျောင်းကို ၂၀၂၃ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ပြီး တက္ကသိုလ်စာမေးပွဲတွင် အောင်မြင်မှုမရှိသည့် ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်ပညာရေးမှူးက ပြောဆိုသည်။

“စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်ပေးနိုင်ဖို့ ဒီကနေ နံနက်ပိုင်းက ပန္နက်တင်အခမ်းအနားကျင်းပခဲ့တယ်။ အဓီကကတော့ ဝိုင်းမော်မြို့နယ်အတွင်းက တက္ကသိုလ်စာမေးပွဲကိုမအောင်မြင်သော ကျောင်းသူကျောင်းသားများ နဲ့ ဒေသအတွင်းလူငယ်လူရွယ်များအတွက်အသက်မွေးဝမ်းကျောင်းတက်ရောက်နိုင်ရေးအတွက် စက်မူ၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းကိုဆောက်လုပ်ခြင်းဖြစ်တယ် “ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းသည် အလျား (၁၁၈) ပေ၊ အနံ (၉၆) ပေ၊ တစ်ထပ်အဆောက်အဦဖြစ်ပြီးယင်းကျောင်းကို ရွှေနန်းတော်ဝင်ကုမ္ပဏီက၂၀၂၃ ခုနှစ်၊ မတ်လ အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

အဆို‌ပါကျောင်းတွင် စက်မူလက်မူ၊စိုက်ပျိုးရေးနှင့်မွေးမြူရေးဘာသာရပ်များကိုသာ အဓိကထားသင်ကြားပို့ချသွားမည်ဖြစ်ပြီးကချင်ပြည်နယ်အတွင်းက ခရိုင်လေးခရိုင်တို့တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းများကို ၂၀၂၃/၂၄ ပညာသင်နှစ် တို့တွင် ဖွင့်လှစ်သွားရန်လျာထားရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။