Trending Now

ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေကော်မတီ ဥက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ ဝိုင်းမော်မြို့နယ်အတွင်း လုပ် ဆောင်နေသည့် လမ်းသစ်ခင်းခြင်း၊ ကျောက်စီမြေထိန်းနံရံ ပြုလုပ်‌နေခြင်းအား လိုက်လံစစ်ဆေး

Spread the love

ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေကော်မတီ ဥက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ ဝိုင်းမော်မြို့နယ်အတွင်း လုပ် ဆောင်နေသည့် လမ်းသစ်ခင်းခြင်း၊ ကျောက်စီမြေထိန်းနံရံ ပြုလုပ်‌နေခြင်းအား လိုက်လံစစ်ဆေး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်အစိုးရ စီးပွားရေးရာဝန် ကြီးဌာန ဝန်ကြီး၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရေးကော်မတီ ဉက္ကဌ ဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ယမန်နေ့ မနက်ပိုင်းအချိန်က ဝိုင်းမော်မြို့နယ်အတွင်း လမ်းသစ်ခင်းခြင်း၊ ကျောက်ဆည်မြေထိန်းနံရံ ပြုလုပ်‌နေခြင်း လုပ်ငန်းများကို လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ GRF ရံပုံငွေဖြင့် ပြုလုပ်နေသည့် ကွန်ကရစ်လမ်းသစ်ခင်းခြင်း လုပ်ငန်းများနှင့် ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်‌နေခြင်းတို့ကို အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်အချိန်တွင် အမြန်ဆုံး ပြီးစီးမှုအခြေအနေများကို လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ဝိုင်းမော်မြို့အထွက် မုခ်ဦးမှာပြုလုပ်နေတဲ့ ကျောက်ဆည်မြေထိန်းနံရံ လုပ်ဆောင်မှု အ‌ခြေအနေကို လာရောက်စစ်ဆေးခဲ့တယ်။ ပြီး‌တော့ ပြည်နယ်အစိုးရအဖွဲ့ GRF ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ မြို့အတွင်းက ကွန်ကရစ်လမ်းသစ်ခင်းခြင်း လုပ်ငန်းတွေကိုလည်း လိုက်လံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ကျောက်ဆည် မြေထိန်းနံရံ ဆောင်ရွက်မူနဲ့ ကွန်ကရစ် လမ်းသစ်ခင်းတာတွေအားလုံးအရည်အသွေးပြည့်မီဖို့နဲ့ သတ်မှတ်အချိန်အတွင်း ပြီးစီးမှုရှိဖို့ လာရောက်ညွှန်ကြား စစ်ဆေးခဲ့တာ ” ဟု ၎င်းကရှင်းပြသည်။

ကချင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် မြို့အဝင် မုခ်ဦးအနီးရှိ ကျောက်စီမြေထိန်းနံရံ (၂၉၅) ပေ၊ ပြုလုပ်နေခြင်းများ၊ မြို့ပေါ်ရှိ ရပ်ကွက် (၁)၊ (၂)၊ (၃) ရက်ကွက်အတွင်းက ကြားလမ်းများ ကွန်ကရစ် လမ်းသစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေခြင်းအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်၊ ကာလအတွင်း အမြန်ဆုံးပြီးစီမှု ရှိစေရန်နှင့် သတ်မှတ်ထားသည့် အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်ကြရန် ကချင်ပြည်နယ်အစိုးရ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းများစစ်ဆေးရေးကော်မတီ ဉက္ကဌ ဦးမျိုးဆွေက ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၃-၂၄ ဘဏ္ဍ‌ရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေဖြင့်လည်းကောင်း ပြုလုပ်လျက်ရှိသည့် လမ်းခင်းခြင်း၊ အဆောက်အဦးသစ်ဆောက်ခြင်း၊ မြေထိန်းနံရံ၊ သံပန်းလက်ရမ်းတက်ဆင်ခြင်းတို့အား ဖေဖော်ဝါရီ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တို့တွင် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး အပါအဝင် အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။