Trending Now

အကြမ်းဖက်သမားတွေ အခြေပြု စခန်းချတဲ့နေရာကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဝင်ရောက်စီးနင်း

Spread the love

အကြမ်းဖက်သမားတွေ အခြေပြု စခန်းချတဲ့နေရာကို နယ်မြေရှင်းလင်းရေးအဖွဲ့က ဝင်ရောက်စီးနင်း

EPN
ရွှေဘို၊ ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာအနီးက အကြမ်းလူသတ်သမားတွေ အခြေပြု စခန်းချနေတဲ့ နေရာတခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ဖေဖော်ဝါရီ ၂၅ရက်၊ ဒီကနေ့မနက်ပိုင်းက ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား အလောင်း ၁၅ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆီးရမိတယ်လို့ ရွှေဘိုမြို့ခံတွေထံက သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ယောက် က” အကြမ်းဖက်သမား အမျိုးသား အလောင်း ၁၅ လောင်း၊ လက်လုပ်တစ်တောင့်ထိုးသေနတ် ၁၀ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်စိန်ပြောင်းကျည် ၇ တောင့်၊ လက်လုပ်တစ်တောင့်ထိုးသေနတ်ကျည် ၄၅ တောင့်၊ PEOPLE DEFENCE FORCE GALON PDF တံဆိပ်ပါကပ်ခွာ ၁ ခု သိမ်းဆီး ရမိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ထိခိုက်သေဆုံး ဒဏ်ရာရတာ တစ်ယောက်မှ မရှိခဲ့ဘူးလို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။