Trending Now

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း စိုက်ခင်း အုတ်မြှစ်ချ အခမ်းအနားသို့ တက်ရောက်

Spread the love

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း စိုက်ခင်း အုတ်မြှစ်ချ အခမ်းအနားသို့ တက်ရောက်
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း သည် အရှေ့ပိုင်း တောင်ဟမ်းယောင် ပြည်နယ်တွင် နိုင်ငံအတွင်း အကြီးဆုံးဖြစ်လာမည့် ဟင်းသီးဟင်းရွက်ခြံ အုတ်မြှစ်ချ အခမ်းအနားသို့ ယမန်နေ့က တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယား အလုပ်သမားပါတီ သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါ အခမ်းအနား မိန့်ခွန်းတွင် ခေါင်းဆောင် ကင်ဂျုံအန်းက ခြံ၏ ထုတ်လုပ်မှု စွမ်းရည်သည် နိုင်ငံအတွင်းရှိ လက်ရှိ အကြီးဆုံး လယ်ယာထက် နှစ်ဆ အထွက်တိုးမည်ဟု ပြောကြားခဲ့ပြီး ဆိုက်အသစ်သည် ပြည်သူပြည်သားများကို ဆွဲဆောင်နိုင်မည်ဟု ဆိုသည်။
ပါတီဖောင်ဒေးရှင်း နှစ်ပတ်လည်နေ့ဖြစ်သည့် အောက်တိုဘာ ၁၀ ရက်နေ့တွင် ခြံဆောက်လုပ်မည့် တပ်မတော်သားများကို မြောက်ကိုရီးယားခေါင်းဆောင်က တိုက်ရိုက် ညွှန်ကြားထားကြောင်း သိရသည်။
ကင်ဂျုံအန်းသည် ယခုနှစ် ဧပြီလတွင် ပါတီခေါင်းဆောင်အဖြစ် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ပရောဂျက်ကို ၎င်း၏ခေါင်းဆောင်မှုအပေါ် ထောက်ခံမှု ခိုင်မာအောင် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ထားသည်။
— ကိုးကား —
NHK
Ref; Kim Jong Un attends groundbreaking ceremony for vegetable farm

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။