Trending Now

တနိုင်း-မြစ်ကြီးနား- မန္တလေးသွားလမ်းပိုင်းများတွင် KIO/KIA က ခရီးသည်တစ်ဦးစီတိုင်းကို ကျပ်သုံးသောင်းအထိ ငွေကောက်ခံနေဟု ခရီးသွား ပြည်သူများဆို

Spread the love

တနိုင်း-မြစ်ကြီးနား- မန္တလေးသွားလမ်းပိုင်းများတွင် KIO/KIA က ခရီးသည်တစ်ဦးစီတိုင်းကို ကျပ်သုံးသောင်းအထိ ငွေကောက်ခံနေဟု ခရီးသွား ပြည်သူများဆို

EPN
မြစ်ကြီးနား၊ ဇွန် ၂၈

တနိုင်း-မြစ်ကြီးနား- မန္တလေးသွားလမ်းပိုင်းများတွင် KIO/KIA က ခရီးသည်တစ်ဦးစီတိုင်းကို ကျပ်သုံးသောင်း အထိ ငွေကောက်ခံနေဟု ခရီးသွား ပြည်သူအချို့ထံမှ သိရသည်။

တနိုင်း – မြစ်ကြီးနားလမ်းပိုင်း ဒွန်ဘုံးခ ကျေးရွာနှင့် အချို့နေရာများ တွင် ဇွန်လ ၂၄ ရက်ခန့်မှ စတင်ကာ ယာဉ်မောင်းများသာမက ခရီးသွားလာသူများကိုပါ ဆက်ကြေးကောက်ခံနေပြီး ကောက်ခံနေသည်ဟု ခရီးသွား ပြည်သူတစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“သူတို့က ငွေကောက်တယ်၊ ဖြတ်ပိုင်းပေးတယ်၊ ခရီးသွားရင် ငွေပိုထည့်ပြီးမှ သွားတာကောင်းတယ်၊ မဟုတ်ရင် အန္တရာယ်ပြုမှာဆိုးလို့ပါ၊ တစ်ယောက်ကို သုံးသောင်း ဆိုတာကတော့ တော်တော်များတယ်၊ ကောက်တာလဲ ကြည့်ကောက်ပေါ့၊ ပြည်သူကိုလည်း မျက်နှာမူပါဗျာ၊ ကိုယ်အမျိုးဆိုသူတွေက လည်ပင်း ပိုညစ်နေသလိုပဲ” ဟု ခရီးသည် တစ်ဦးက ပြောပြသည်။

အလားတူ တနိုင်း-မြစ်ကြီးနား သွား ခရီးသည် တစ်ဦးကလည်း “တနိုင်း -မြစ်ကြီးနား မန်းလေး ခရီးသည်များကလည်း ပိုက်ဆံပိုထည့်သွားကြပါလို့၊ ကိုယ့်အမျိုး KIA တွေက တယောက်ကို ၃သောင်း ဇွတ်အလှူခံနေလို့ပါ အမှန်က ဓားမြတိုက်တာနဲ့တောင်ပိုတူနေတယ် ခရီးသည်တိုင်းမှာ အဲလောက်ပိုက်ဆံက ပါချင်မှပါကြမှာလေ ကိုယ့်ဘေးက ညီအစ်ကိုနှစ်ယောက်တောင် လမ်းမှာ ထမင်းဝယ်စားစရာတောင် မကျန်တော့လို့ မျက်နှာငယ်လေးတေနဲ့ မကြည့်ရက်လို့ ခေါက်ဆွဲဝယ်ကျွေးလိုက်ရတယ် ရှိတဲ့သူကောက်တာ ပြသနာမရှိပါဘူး မရှိတဲ့သူတွက် တယောက် ၃သောင်းက မများဘူးလားဗျာ၊ မရှိတဲ့သူတေကိုတော့ မရှိသလို ကောက်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

ယင်းကဲ့သို့ ခရီးသည်တစ်ဦးစီတိုင်းထံ သုံးသောင်းစီကောက်ခံမှုသည် ခရီးသည်များအတွက် သွားလာရန် ခက်ခဲမှုရှိနေပြီး တချို့သောခရီးသည်များမှာမူ ကားခနှင့်ထမင်းစားဖို့အတွက်သာ ငွေပါကြရှာပြီး KIO မှ ငွေကောက်ခံနေခြင်းသည် လမ်းခရီး၌ စားရေး သောက်ရေး အတွက် အခက်အခဲ ဖြစ်နေရသည်ဟု ခရီးသွား ပြည်သူများက ဆိုနေကြသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။