Trending Now

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သမဝါယမ အသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်း ဆောင်ရွက်

Spread the love

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သမဝါယမ အသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်း ဆောင်ရွက်

EPN
နေပြည်တော်၊ အောက်တိုဘာ ၄ (၂၀၂၃)

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့က ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ စိုက်ပျိုးရေး ဘဏ်ချေးငွေများ၊ မြစိမ်းရောင် စီမံကိန်းချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို သတ်မှတ်ကာလ အတွင်း အပြေအကျေ ပေးဆပ်ကြရန် ပြောကြား၍ အသင်းသားတောင်သူ ၂၅ ဦး၏ စိုက်ပျိုးမြေဧက ၁၂၀ တွင် မိုးစပါးစိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ပုလဲမြို့သစ်မြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ စက်၊ ယာဉ်၊ ယန္တရား ဂိုဒေါင်ကိုလည်းကောင်း၊ စက်၊ ယာဉ်၊ ယန္တရားများ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ စနစ်တကျ သိုလှောင်ထားမှုနှင့် ဝန်ထမ်းအိပ်ဆောင်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာရုံးများ၌ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေး၊ ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။