Trending Now

လူတစ်သန်းကျော် နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်ပွား

Spread the love

လူတစ်သန်းကျော် နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ မီးလောင်မှုဖြစ်ပွား

EPN
နိုင်ငံတကာ၊ မတ် ၆

လူဦးရေတစ်သန်းကျော် နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းမှာ မတ်လ ၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့လို့ လူဦးရေ ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေထားရှိတဲ့ အချို့နေရာတွေဟာ မီးသတ်သမားတွေ ဝင်ရောက်ဖို့ ခက်ခဲတာကြောင့် တဲအိမ်ပေါင်း ၃,၀၀၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒုက္ခသည်အသိုက်အဝန်းခေါင်းဆောင် ဆူလေး အူလာဒ် က ပြောပါတယ်။

တာဝန်ရှိသူတွေက လူအများအပြားကို ဘေးလွတ်ရာကို ခေါ်ဆောင်နိုင်ခဲ့ပေမယ့် အသေအပျောက်အရေ အတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

မီးလောင်မှုကို ထိမ်းချုပ်နိုင်ခဲ့ပေမယ့် မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေသခံရဲအရာရှိ ဖာရူကီ အာမက်က ပြောပါတယ်။

အာဏာပိုင်တွေက နေအိမ်ဆုံးရှုံးသွားသူတွေအတွက် စားနပ်ရိက္ခာနဲ့ ယာယီတည်းခိုစရာတွေ ပေးအပ်နိုင်ဖို့ အတွက် နိုင်ငံတကာနဲ့ ပြည်တွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲအစည်းတွေနဲ့ ပူးပေါင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကော့ဘဇာခရိုင်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေဟာ မကြာခဏ မီးလောင်မှုဖြစ်ပွားလေ့ရှိပြီး ၂၀၂၁ ခုနှစ် မတ်လအတွင်းကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ဒုက္ခသည် ၁၅ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

Ref; Fire destroys homes Cox’s Bazar refugee camp in Bangladesh

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။