Trending Now

လာချိဒ်လူမျိုးများ၏ နှစ်သစ်ကူးပွဲ‌တော်သို့ ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်နှင့် ဦးဇခုန်ယိန်းဆောင်တို့မှ တက်ရောက်ချီးမြင့်

Spread the love

လာချိဒ်လူမျိုးများ၏ နှစ်သစ်ကူးပွဲ‌တော်သို့ ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်နှင့် ဦးဇခုန်ယိန်းဆောင်တို့မှ တက်ရောက်ချီးမြင့်
EPN
ဝိုင်းမော်၊ ဖေဖော်ဝါရီ ၁၅
လာချိဒ်စာပေနှင့် ယဉ်ကျေး ဗဟိုကော်မတီမှ ကျင်းပသည့် လာချိဒ်လူမျိုးများ၏ နှစ်သစ်ကူးပွဲ‌တော်(ဂျိတ်ကျော့ပွဲတော်) ကို ဖေ‌ဖော်ဝါရီလ ၁၅ ရက် ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မဒိန်အုပ်စု ခါ့ကွမ်ကျေးရွာ အတွင်းရှိ လာချိဒ်ရိုးရာစာ‌ပေယဉ်ကျေးမှုကွင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။
ဝိုင်းမော်မြို့နယ်၌ ကျင်းပခဲ့သည့် လာချိဒ်လူမျိုးများ၏ နှစ်သစ်ကူးပွဲ‌တော်(ဂျိတ်ကျော့ပွဲတော်) သို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော်မှ ပြည်နယ်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဦးဇခုန်ယိန်းဆောင်နှင့် အဖွဲ့၊ လာချိဒ်စာပေနှင့် ယဉ်ကျေး ဗဟိုကော်မတီဝင်များ၊ လာချိဒ်မျိုးနွယ်စုခေါင်းဆောင်များ၊ လာချိဒ်မျိုးနွယ်စုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ လာချိဒ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို ရိုးရာ အစဉ်အလာအတိုင်း ကျင်းပခဲ့ပြီး ယမန်နေ့ကစတင်ကာ ကျင်းပခဲ့သည့် လာချိဒ်လူငယ်များအတွက် အထူးထည့်သွင်း ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများဖြစ်သည့် ဖူဆယ်/ကျား၊ မဘောလုံးပြိုင်၊ ဘောလီဘော၊ ကျား/မပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ စသည့် ကစားနည်း ၇ မျိုးတွင် ဆုရရှိခဲ့သည့် အသင်းများအား တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီး ဦးတိန့်ဆောင်၊ ဦးဇခုန်ယိန်းဆောင်နှင့် လာချိဒ်မျိုးနွယ်စု ခေါင်းဆောင်များက ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့အပြင် အားကစားပြိုင်ပွဲတွင် ဆုရသည့် အသင်းများအား အထူးဆုအနေဖြင့် ဦးဇခုန်ယိန်းဆောင်မှ အသင်းတစ်သင်းလျှင် ဆုငွေကျပ် တစ်သိန်းစီ ထပ်‌ဆောင်း ချီးမြင့်ခဲ့သည်။
ယနေ့ ကျင်းပသည့် လာချိဒ်လူမျိုးများ၏ နှစ်သစ်ကူးပွဲ‌တော်ကို ‌ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း ဆုတောင်းခြင်း၊ ရိုးရာ တေးသီချင်း၊ အကအလှ များဖြင့် စုပေါင်းကခုန်ခြင်း၊ အားကစားပြိုင်ပွဲများပါ ထည့်သွင်းကျင်းပခဲ့သည်ကို တွေ့ရပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ အပြင် အခြားဒေသများမှ လာချိဒ်မျိုးနွယ်စုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။