Trending Now

ပခုက္ကူမြို့က မြန်မာ့အာမခံလုပ်ငန်းရုံး ဓားပြတိုက်ခံရ

Spread the love

ပခုက္ကူမြို့က မြန်မာ့အာမခံလုပ်ငန်းရုံး ဓားပြတိုက်ခံရ

EPN
ပခုက္ကူ ၊ မတ် ၂၉

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၃ တိုးချဲ့ကွက်သစ် ရပ်ကွက် ၊ လေယာဉ်ကွင်းဟောင်း ဘက်မှာရှိတဲ့ ပခုက္ကူခရိုင် မြန်မာ့ အာမခံရုံးဟာ အခုလ ၂၈ ရက် ၊ မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရပြီး ဌာနပိုင် ပိုက်ဆံတွေ ပါသွားတယ်လို့ အာမခံ လုပ်ငန်း ဝန်ထမ်း အသိုင်းအဝိုင်းဆီက သိကပါတယ်။

” နေ့ခင်း ထမင်းစားရုံးနားချိန်မှာ ရုံးထဲကို ဆိုင်ကယ် ၄ စီးနဲ့ လူ ၇ ယောက် ၊ ၈ ယောက်လောက် ဝင်ရောက်လာပြီး ၊ ဝန်ထမ်းတွေကို သေနတ်နဲ့ ချိန်တယ် ၊ ဌာနပိုင် ရုံးပစ္စည်းတွေကို ဖွင့်ဖောက်ပြီး ဓားပြတိုက်သွားတာ ” လို့ အမည်မဖော်လိုတဲ့ အာမခံရုံးဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

” ဓားပြတိုက်သွားတာပါ ၊ ရုံးငွေ ၁၈ သိန်း ၃ သောင်း ၊ ၈ ထောင်နဲ့ ဝန်ထမ်းတွေရဲ့ ပိုက်ဆံ ၁၄ သိန်း ၊ နောက်ပြီး ဝန်ထမ်းအားလုံးရဲ့ လက်ကိုင်ဖုန်းတွေ ပါသွားတယ် ” လို့ ပခုက္ကူခရိုင် စီမံခန့်ခွဲရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပခုက္ကူမြို့ရှောင်လမ်းဘက်က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်ခံရပြီး ဆီရောင်းရငွေတချို့ ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၃ ရက်ကလည်း ပခုက္ကူစက်မှုဇုန်ရပ်ကွက်ထဲက နေအိမ်တစ်ခုမှာ ဓားပြတိုက်ခံရတာကြောင့် အိမ်ရှင်သားအဖ ၂ ဦး ဒဏ်ရာရပြီး ကားတစ်စီး အပါအဝင် ရွှေငွေ ပိုက်ဆံတချို့ ပါသွားတယ်လို့ သိရပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။