Trending Now

တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးကဆင်းပေးဖို့ တောင်ဆိုဆန္ဒပြခံနေရ

Spread the love

တရုတ်သမ္မတ ရှီကျင့်ဖျင် ရာထူးကဆင်းပေးဖို့ တောင်ဆိုဆန္ဒပြခံနေရ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈

တရုတ်နိုင်ငံမှာ တင်ကျပ်တဲ့ကိုဗစ် စည်းမျှဉ်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတွေ မနေ့ညက စတင်ထွက်ပေါ်လာခဲ့ပါတယ်။

ရှီကျင့်ဖျင် ရာထူးက ဆင်းပေးဖို့နဲ့ တစ်ပါတီ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ရှန်ဟိုင်းက ဆန္ဒပြသူတွေကို ငရုတ်ကောင်း ဖြန်းဆေးသုံးပြီး ရဲတွေက မောင်းထုတ်ခဲ့ပေမယ့် နာရီပိုင်းအကြာမှာတော့ လူတွေက တူညီတဲ့ နေရာကို ထပ်ပြီး စုရုံးခဲ့ကြပါတယ်။

သောကြာနေ့က စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ မြို့တော် ဘေဂျင်းအပါအဝင် မြို့ကြီးတွေ အများစုကို ပျံ့နှံသွားခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း အဏာရပါတီကို ဆန့်ကျင်တဲ့ အကြီးမားဆုံး ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

သုံးလနီးပါကြာ လော့ဒေါင်းချခံထားရတဲ့ ရှင်ကျန်းဒေသက အဆောက်အအုံ မီးလောင်မှုအတွင်း လူ ၁၀ ဦး သေဆုံးသွားခဲ့ပြီးနောက် တင်းကျပ်တဲ့ ကိုဗစ်စည်းမျှဉ်းတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

မီးလောင်မှုအတွင်း သေဆုံးသွားသူတွေဟာ အခင်းဖြစ်ပွားချိန်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းတွေကြောင့် တိုက်ခန်းတွေကို သော့ခတ်ထားခဲ့လို့ ထွက်မပြေးနိုင်ဘဲ သေဆုံးခဲတာလို့ ဆိုတဲ့ ထင်ကြေးပေးမှုတွေဟာ တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့နေပါတယ်။

ကိုဗစ်ကန့်သတ်မှုအရ လူနေအဆောက်အအုံတွေကို ပိတ်ဆို့ထားတာကြောင့် မီးဘေးသင့်သေဆုံးခဲ့ရတာလို့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေကိုအပြစ်တင်ပြောဆိုနေသလို အခုလို လူစုလူဝေးအုံကြွမှုတွေ ဆက်တိုက်ဖြစ်လာပြီးနောက် ကိုဗစ်စည်းမျှဉ်းတွေကို သတ်မှတ်ထားတဲ့ သမ္မတကို ရာထူးက ဆင်းပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။

— ကိုးကား —
AP
ref; Crowd angered by lockdowns calls for China’s Xi to step down

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။