Trending Now

ဧရာဝတီတိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အကြောင်းကြားသည့် PDF အဖွဲ့ဝင်၂ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

Spread the love

ဧရာဝတီတိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အကြောင်းကြားသည့် PDF အဖွဲ့ဝင်၂ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

EPN
ပုသိမ် ၊ ဇွန်လ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နှင့်ကျုံပျော်မြို့မှPDF တပ်ဖွဲ့ဝင်ဆိုသူ ၂ ဦးသည်လုံခြုံရေးတပ်ဖွဲ့ဝင် များထံ အလင်းဝင်လာသဖြင့် အုပ်ထိန်းသူများထံလွှဲပေးလိုက်ကြောင်း လုံခြုံရေးတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ အလင်းဝင်လာသူများသည် လက်နက် ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်းခြင်းမရှိခဲ့သည့်ပုသိမ်မြို့နှင့်ကျုံပျော်မြို့တို့မှPDF အဖွဲ့ဝင် ၂ ဦးဖြစ်ပြီး၎င်းတို့၏မိဘအုပ်ထိန်း သူများထံ ဇွန်လ ၁၄ ရက်ကလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

”လုံခြုံရေးတပ်ဖွဲ့ဝင်များထံကို ထပ်မံလာရောက်ရှိ အလင်းဝင်ခိုလှုံသူ PDF ၂ ဦးပါ။သူတို့ကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်းမှာ သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်းခြင်း မရှိခဲ့သူတွေပါ။မိဘအုပ်ထိန်းသူများထံလွှဲပြောင်းပေးလိုက်ပါပြီ။

အလင်းဝင်လာသူတွေကိုတာဝန်ရှိသူတွေက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောဆိုသွားတယ်။”ဟု လုံခြုံရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်

လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အလင်းဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်ဆိုသူ ၂ ဦးသည်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဝန်ခံကတိလက်မှတ်ရေး ထိုးပြီးသက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများက မိဘအုပ်ထိန်းသူများထံ လွှဲပေးခဲ့ခြင်းဖြစ်ပြီးတစ်ဖက်ကလည်းလုံခြုံရေးတပ်ဖွဲ့ဝင်များကလွှဲပေးခဲ့သူ ၂ ဦးသည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ကြောင်း၎င်းတို့လုပ်ကြံဝါဒ ဖြန့်ခြင်းသာဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကာကွယ်ရေးPDF တပ်ဖွဲ့က၎င်းတို့ Facebook စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။