Trending Now

သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် နေ့ဆွမ်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

Spread the love

သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုမှ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတွင် နေ့ဆွမ်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၄ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်တွင် ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထားပြီး မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများမှ နေ့ဆွမ်းနှင့် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှုထား၍ မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများ ဖြစ်ကြသည့် ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပီချင်း၊ ဦးရဲလင်းထွန်း၊ ဦးကြူးဘောက်၊ ဦးအောင်ရင်၊ ဦးငွါးဆာနှင့် တက်ရောက်လာသူများမှ “ဩကာသ” ကန်တော့ချိုးဖြင့် ဘုရား ကန်တော့ခဲ့ကြပြီး၊ သမိဒ္ဓေါဒယ သီလရှင်ကျောင်းတိုက်မှဆရာကြီး၊ ဆရာလေးများက မေတ္တာသုတ် တရားတော်ကို ချီးမြှင့်ပေးခဲ့ကာ သီလရှင်ဆရာကြီးထံမှ တရားတော်များကို နာယူဆောက်တည်ခဲ့ကြသည်။

ယင်းနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီးနောက် နေ့ဆွမ်းဆက်ကပ်ချိန်တွင် ဆရာကြီး၊ ဆရာလေး အပါး (၂၀) ကျော်ကို ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များကို နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။

ကချင်အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကချင်အထူးဒေသ (၁) မြစ်ကြီးနားဆက်ဆံရေးရုံး မိသားစုများသည် ဝါတွင်းကာလအတွင်း လပြည့်၊ လကွယ်နေ့များတွင် သမိဒ္ဓေါဒယ သီလရှင်ကျောင်း စာသင်တိုက်ရှိ ဆရာကြီး၊ ဆရာလေးများကို နေ့ဆွမ်းနှင့် ဝတ္ထုငွေများ၊ လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း လျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။