Trending Now

ဆိုမာလီယာနိုင်ငံတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၂၀ သေဆုံး

Spread the love

ဆိုမာလီယာနိုင်ငံတွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၂၀ သေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးတွင် ကားဗုံးပေါက်ကွဲမှု နှစ်ခု ကြောင့် သေဆုံးသူ ဦးရေ ၁၂၀ ဦးအထိ ရှိလာခဲ့ပြီး အချို့သော လူများ ပျောက်ဆုံးနေဆဲ ဖြစ်သောကြောင့် သေဆုံးသူဦးရေ ထပ်မံ မြင့်တက်လာနိုင်သည်ဟု နိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မိုဂါဒစ်ရှူးရှိ လူစည်ကားသော လမ်းဆုံတစ်ခုတွင် စနေနေ့က နေ့လယ်ခင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အခြားလူ ၃၂၀ ကျော် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ ၁၅၀ ကျော်ကို ဆေးရုံများတွင် ကုသနေရဆဲဖြစ်ကြောင်း ဆိုမာလီယာနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ်များသည် စစ်ဆေးရေးဂိတ်များ ပြည့်နှက်နေသော မြို့တစ်မြို့ကို ဖြတ်ကျော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုသည် လွန်ခဲ့သည့်ငါးနှစ်က လူ ၅၀၀ ကျော် သေဆုံးခဲ့သည့် ထရပ်ကားဗုံးခွဲမှုနောက်ပိုင်း ဆိုမာလီယာ၏ အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်သည်။

အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ အယ်လ်ရှာဘတ် က အဆိုပါ ဗုံးခွဲမှုများအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး လူငယ်များကို အစ္စလာမ်ဘာသာတရားကို မကောင်းသတင်ပြောဆိုထားသည့် ပညာရေးဝန်ကြီးဌာနကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

မကြာသေးမီက ရွေးကောက်ခံသမ္မတ ရှီခမ်းမိုဟာမက်၏ လက်အောက်ရှိ ဆိုမာလီယာအစိုးရသည် ၎င်း၏ဘဏ္ဍာရေးကွန်ရက်ကို ပိတ်ပစ်ရန် ကြိုးပမ်းမှုအပါအဝင် အယ်လ်ရှာဘတ်အပေါ် ထိုးစစ်အသစ်တစ်ခုတွင် ပါဝင်ခဲ့ပြီးနောက် အစိုးရနှင့် အယ်လ်ရှာဘတ် အဖွဲ့ကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

— ကိုးကား —
အေပီ
ref; Somalia car bombs death toll up to 120, some still missing

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။