Trending Now

ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ငွေကျပ် သိန်းသုံးထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ငွေကျပ် သိန်းသုံးထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄ (၂၀၂၄)

ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် ငွေကျပ် သိန်းသုံးထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား မူးယစ်သတင်းအရ စစ်ဆေးရှာဖွေစဉ် စိုင်းသန်းဖေ မောင်းနှင်ပြီး စိုင်းအိုက်လှိုင်း လိုက်ပါလာသည့် PAJERO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူအလေးချိန် ၃ ဒဿမ ၃၇ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၄၂ ဒဿမ ၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁၁၅၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၆၆၇ ဒဿမ ၂၅ သိန်း)၊ ဘိန်းစိမ်း ၂၁ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၅၂ သိန်း)၊ မြန်မာငွေကျပ် ၂ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆည်းရမိသည့် တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ မိုးမောက်မြို့နယ်၊ (၇)မိုင် အောင်မြေကျေးရွာနေ အားချိ (ခ)အားချန်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၃ ဒဿမ ၀၄ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စိုင်းသန်းဖေ (၄၄)နှစ်၊ စိုင်းအိုက်လှိုင်း (၃၇)နှစ် နှင့် အားချိ (ခ)အားချန် (ခ)၀မ်ချန် တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။