Trending Now

တူရကီမှာ အိမ်မီးလောင်မှုကြောင့် ဆီးရီးယားဒုက္ခသည်ကလေးငယ် ၈ ဦးသေဆုံး

Spread the love

တူရကီမှာ အိမ်မီးလောင်မှုကြောင့် ဆီးရီးယားဒုက္ခသည်ကလေးငယ် ၈ ဦးသေဆုံး

EPN
နိုင်ငံကတာ၊ နိုဝင်ဘာ ၁၀

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းမှာ အပူပေးစက်ကြောင့်လို့ ယူဆရတဲ့ အိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေး ရှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဘူဟာဇ် ပြည်နယ်အတွင်းရှိ လေးထပ်အဆောက်အုံ တစ်ခုရဲ့ ပထမ ထပ်မှာ အင်္ဂါနေ့နှောင်းပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ပြည်နယ် အဏာပိုင်တွေက ပြောပါတယ်။

မီးလောင်မှုအတွင်းမှာ အသက် ၁ နှစ်ကနေ ၁၀ နှစ်ကြား မွေးချင်း ၆ ဦး၊ မိခင်ဖြစ်သူနဲ့ ဆယ်ကျော်သက် ဝမ်းကွဲမောင်နှမ နှစ်ဦးတို့ သေဆုံးသွားခဲ့ပြီး သူတို့ဟာ ဆီးရီးယားက ဒုက္ခသည်တွေဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားချိန်မှာ အိမ်မှာရှိမနေခဲ့တဲ့ ဖခင်ဖြစ်သူက မိသားစုဝင်တွေကို ကယ်ဆယ်ဖို့ကြိုးစားခဲ့ပေမယ့် မီးခိုးဒဏ်ကြောင့် ဆေးရုံတင်ထားရတယ်လို့ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

“ကျွန်တော်တို့ မီးသတ်အဖွဲ့တွေက ချက်ချင်းပဲ မီးလောင်တဲ့နေရာကို အမြန်ငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ မီးငြှိမ်းသတ်ပြီးတဲ့ နောက်မှာတော့ အထဲမှာ မြင်ရတဲ့ ပုံရိပ်က စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့ အကြီးအကျယ် စိတ်မကောင်းဖြစ်မိပါတယ်” လို့ မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ပဏာမစစ်ဆေးချက်အရ မီးဖိုအပူပေးစက်ကြောင့် မီးလောင်ရခြင်းဖြစ်ပြီး မီးခိုးဒဏ် ခံခဲ့ရတဲ့ အိမ်နီးနားချင်း သုံးကိုကိုလည်း ဆေးရုံတင်ထားရပါတယ်။

တူရကီနိုင်ငံဟာ ဆီးရီးယာက ဒုက္ခသည် ၃ . ၇ သန်းနေထိုင်ရာနေရာဖြစ်ပါတယ်။

— ကိုးကား —
အေပီ
Ref; House fire in Turkey kills 8 Syrian refugee children, woman

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။