Trending Now

တနိုင်းမြို့တွင် ခရိုင်အဆင့် ရရှိလာသည့်နှင့်အမျှ လျှစ်စစ်မီးရရှိရန် ပြည်သူများလိုလားနေ

Spread the love

တနိုင်းမြို့တွင် ခရိုင်အဆင့် ရရှိလာသည့်နှင့်အမျှ လျှစ်စစ်မီးရရှိရန် ပြည်သူများလိုလားနေ

EPN
မြစ်ကြီးနား၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် ခရိုင်အဆင့် ရရှိလာသည်နှင့်အမျှ လျှပ်စစ်မီး ရရှိရန် ပြည်သူများက လိုလားနေကြောင်း သိရသည်။

တနိုင်းမြို့တွင် လျှပ်စစ်မီးရရှိမှု မရှိသေးပဲ မီးလင်းရေးကော်မတီမှ မီးပေးနေရပြီး ည ၇ နာရီမှ ည ၉ နာရီအထိ နှစ်နာနီအချိန်ကို နှစ်ညလာ တစ်ညပျက်စနစ် ဖြင့်အလှည့်ကျ မီးသုံးစွဲလျှက်ရှိသည့်အတွက် ကျောင်းသား/သူ များရှိသည့်နေအိမ်များတွင် စာကျက်ရန်အ တွက် လုံလောက်မှုမရှိသကဲ့သို့ ပြည်သူများအတွက်လည်း အခက်အခဲ ဖြစ်လျက်ရှိရာ လျှပ်စစ်မီးရရှိစေရေးကိုဆောင်ရွက်ပေးစေလိုကြောင်း ရပ်ကွက်နေ မိဘတစ်ဦးက ပြော သည်။

“ မီးက နှစ်ညလာရင် နောက်ညကမလာတော့ဘူး။ လာတာကလည်း နှစ်နာရီပဲအချိန်ရတယ်။ ဒါတောင် အချိန် မမှန်တာကပိုများတယ်။ ကလေးတွေကို သနားတာပေါ့။ တစ်ချို့ စာကိုကြည့်ချင်နေတဲ့ ကလေး တွေရှိတယ်။ သူတို့အတွက်ကျ မီးပေးချိန်ကနည်းတော့ အိမ်မှာဆိုလည်း မီးအိမ်၊ ဖရောင်းတိုင်တို့ကို ဝယ်ပေးထားရတယ်။ အခုဆိုမီတာခကလည်း တစ်ယူနစ်ကို ၁၀၀၀ ကျပ်ဖြစ်သွားပြီ။ လျှပ်စစ်မီး မဟုတ်တော့လည်း မီတာခဈေးကြီးတာ မပြောလိုပါဘူး။ ဒါပေမယ့် ဒီတိုင်းပဲဆိုရင်တော့ မလွယ်တော့ဘူး။ တနိုင်းဆိုတာကလည်း မြို့ကြီးတစ်ခုဖြစ်သလို အခုဆိုရင် ခရိုင်အဆင့်တောင်ရပြီဆိုတော့ လျှပ်စစ်မီးကိုတော့ ရရှိအောင် ဆောင်ရွက်ပေးစေချင်တယ် ” ဟု ၎င်းကဆိုသည်။

တနိုင်းမြို့တွင် ယခင်က မီတာခတစ်ယူနစ်လျှင် ၆၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအချိန်တွင် တစ်ယူနစ်ကို ၁၀၀၀ ကျပ်ထိ ပေးဆောင်နေရသည့်အတွက် မိသားစုများတွင် အခက်အခဲများရှိလာနိုင်ပြီး လုပ်ငန်းဆောင်တာများလည်း အဆင်မပြေမှုများ ရှိလာမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးကို ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများက လိုလားနေကြသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။