Trending Now

စီးပွားရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ပူတင် နဲ့ ရှီကျင့်ဖိန် သဘောတူ

Spread the love

စီးပွားရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ပူတင် နဲ့ ရှီကျင့်ဖိန် သဘောတူ

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ဟာ စီးပွားရေး နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ အတည်ပြုခဲ့တယ်လို့ ရုရှားသမ္မတရုံးက ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ဟာ မနေ့က မွန်းလွဲပိုင်းက တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှုပြု လုပ်ခဲ့ရာမှာ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ အတည်ပြုခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့စီးပွားရေးအခြေအနေဟာ အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်မူဝါဒကြောင့် ပိုမိုရှုပ်ထွေးလာလို့ ရုရှား နဲ့ တရုတ်တို့ဟာ စွမ်းအင်၊ ဘဏ္ဍာရေးနဲ့ စီးပွားရေး စတဲ့ အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဖို့ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံကို ဆက်သွယ်ပေးတဲ့ Heihe-Blagoveshchensk နယ်စပ်ဖြတ်ကျော် အဝေးပြေးတံတားကို ဖွင့်လှစ်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ရှီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ စစ်ရေး၊ ကာကွယ်ရေး၊ ဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

လက်တွေ့ကျတဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်တွန်းအားပေးဖို့ တရုတ်ဘက်က အဆင်သင့်ရှိတယ်လို့ ရှီက‌ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး သမိုင်းနောက်ခံကို အမှီအခိုကင်းစွာနဲ့ အမြဲတမ်း စီရင်ဆုံးဖြတ်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကို မြှင့်တင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းအကျပ်အတည်းကို သက်ဆိုင်သူတွေအနေနဲ့ တာဝန်သိစိတ်ဖြင့် သင့်လျော်တဲ့ အဖြေတစ်ခုရရှိဖို့ တွန်းအားပေးသင့်တယ်လို့ ရှီက ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအနေနဲ့လည်း သင့်လျော်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သူက ပြောပါတယ်။

ဘေဂျင်းအိုလံပစ်ဖွင့်ပွဲ အခမ်းအနားကျင်းပတဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ မြို့တော်မှာ ခေါင်းဆောင်နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင်ကျူးကျော်လာပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာလည်း ဖုန်းနဲ့ စကားပြောခဲ့ကြပါတယ်။

Source – NHK – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။