Trending Now

Ooredoo Myanmar ဆက်သွယ်ရေးလုပ်ငန်းစုကို စင်ကာပူနည်းပညာကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့်ရောင်းချ

Spread the love

Ooredoo Myanmar ဆက်သွယ်ရေးလုပ်ငန်းစုကို စင်ကာပူနည်းပညာကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့်ရောင်းချ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံရှိ Ooredoo ဆက်သွယ်ရေးလုပ်ငန်းစုများကို စင်ကာပူအခြေစိုက်နည်းပညာကုမ္ပဏီ (Nine Communications) ထံသို့ အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချလိုက်ပြီဖြစ်ကြောင်း သိရသည်။

စုစုပေါင်း ဒေါ်လာ ၅၇၆ သန်းတန် အရောင်းအဝယ်စာချုပ်ကို ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo နှင့် စင်ကာပူအခြေစိုက်နည်းပညာကုမ္ပဏီ (Nine Communications) တို့က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ရိုက်တာ သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။

Ooredoo မြန်မာလုပ်ငန်းစုကို ရောင်းချရေးနှင့် ပတ်သက်၍ ကာတာနိုင်ငံ၊ ဒိုဟာမြို့အခြေစိုက် Ooredoo ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အကြောင်းကြားထားပြီးဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့သည့် ဇူလှိုင်လတွင် ဖော်ပြခဲ့သည်။

သုံးစွဲသူ ၁၅ သန်းရရှိထားသည့် မြန်မာ့နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Ooredoo သည် မြန်မာနိုင်ငံမှနောက်ဆုံးထွက်ခွာသည့် ဆက်သွယ်ရေးကုမ္မဏီဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်းက နော်ဝေနိုင်ငံအခြေစိုက် telenor ကုမ္မဏီ ထွက်ခွာသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလည်းနှင့် စီးပွားရေးအကျပ်အတည်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ဟိုတယ်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း နှင့် စွမ်းအင်တူးဖော်ခြင်း စသည့် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

source – ရိုက်တာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။