Trending Now

အဲယားကွန်း အပူလွန်ကဲရာမှ ဆိုင်ခန်းတစ်ခန်း အပါအဝင် အဆောက်အဦးနှစ်ခု မီးလောင်မှုဖြစ်ပွား

Spread the love

အဲယားကွန်း အပူလွန်ကဲရာမှ ဆိုင်ခန်းတစ်ခန်း အပါအဝင် အဆောက်အဦးနှစ်ခု မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၉

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်ရပ်ကွက် နယ်မြေ ၈ အတွင်းရှိ ဆိုင်ခန်းတစ်ခုတွင် အဲယားကွန်း ရှပ်တာ အပူလွန်ကဲရာမှ ဆိုင်ခန်းတစ်ခန်းအပါအဝင် နေအိမ် အဆောက်အဦး နှစ်ခုမီးလောင်ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၃ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု စတင်ခဲ့သည့်နေရာမှာ ကွန်ပြူတာ ၊ ဓာတ်ပုံဆိုင်အတွင်း ဖွင့်ထားသည့် အဲယားကွန်းရှပ်တာ အပူလွန်ကဲရာမှ အနီးရှိ ထံရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိဒေသခံများထံမှ သိရသည်။

“ဓာတ်ပုံဆိုင်ကနေ စလောင်တာ ဆိုင်ကပိတ်ထားပြီး အထဲမှာ အဲယားကွန်း ဖွင့်ခဲ့တာနဲ့တူတယ် မီးကအတော်လေးပြင်းတယ်၊ မီးသတ်ကားတွေ အများကြီးလာငြိမ်းရတယ်၊ အိမ်၂ လုံးပါသွားတာ၊ ၂ ထပ်အိမ်နဲ့ ဆိုင်ခန်းတစ်ထပ်အိမ်လေး ပါသွားတာ” ဟု အနီးအနားရှိဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းမီးလောင်မှုမှာ နေလည့် ၃ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ပြီး မီးသတ်ရေယာဉ် ၄ စီး ရေသယ်ယာဉ် ၂ ဖြင့် ငြိမ်းသတ်ခဲ့ရာ ၃ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ယင်းမီးလောင်မှုကြောင့် အဆောက်အအုံ ၂ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ကျပ် ၅၉ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဆိုင်ခန်းငှားရမ်းသူ ဦးဇော်ဘောက် ဆိုသူအား မြစ်ကြီးနားမြို့အမှတ်(၂)နယ်မြေ ရဲစခန်းတွင် (ပ) ၂၅၆/၂၀၂၂ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။