Trending Now

တောင်ကိုရီယားက ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်

Spread the love

တောင်ကိုရီယားက ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

တောင်ကိုရီးယားက အင်အားပြတဲ့အနေနဲ့ ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် အကြီးမားဆုံးစစ်ရေးပြချီတက်ပွဲကို ဆိုးလ်မြို့တော်မှာ ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ စတင်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

တောင်ကိုရီယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ စစ်ရေးပြပွဲအတွင်းမှာ တပ်ဖွဲ့ဝင် ၇၀၀၀ နီးပါးနဲ့အတူ မောင်းသူမဲ့ အမြောက်တိုက်ခိုက်ရေးယာဉ်နဲ့ လေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်း ၃၄၀ ကျော်ကို ထုတ်ဖော်ပြသသွားမယ်လို့ သိရပါတယ်။

နျူကလီးယားစွမ်းအင် ရေငုတ်သင်္ဘောနဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုလ်တု လွတ်တင်ဖို့ကြိုးပမ်းနေတဲ့ မြောက်ကိုရီယားနဲ့ ဆက်ဆံရာမှာ တောင်ကိုရီးယားသမ္မတ ယွန်းက ပိုမိုတင်းကျပ်တဲ့ ချဉ်းကပ်မှုတစ်ခုပြုလုပ်နေချိန်မှာ စစ်ရေးပြပွဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဆွန်ဂန် စစ်အခြေစိုက်စခန်းမှာရောက်ရှိနေတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းက နျူကလီးယားအသုံးပြုပါက စစ်အစိုးရကို အဆုံးသတ်စေမယ့် “အလွန်ကြီးသောတုံ့ပြန်မှု” ပြုလုပ်သွားမယ်လို့ စစ်ရေးပြပွဲမစတင်မီ မြောက်ကိုရီယားကို သတိပေးခဲ့ပါတယ်။

အဆိုပါစစ်ရေးပြပွဲကို Hyunmoo ဒုံးကျဉ်စနစ်တွေ၊ L-SAM ဒုံးကျည်ကြားဖြတ်စနစ်တွေ၊ F-35 တိုက်လေယာဉ်တွေနဲ့ နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းထုတ် တိုက်လေယာဉ် KF-21 ထားရှိတဲ့ ဆွန်ဂန် စစ်အခြေစိုက်စခန်းကနေ စတင်မယ်လို့ သိရပါတယ်။

Hyunmoo စနစ်ဟာ တောင်ကိုရီးယားရဲ့ နောက်ဆုံးပေါ် ဒုံးကျည်တွေထဲက တစ်ခုဖြစ်ပြီး တကယ်လို့ မြောက်ကိုရီယားနဲ့ ပဋိပက္ခဖြစ်လာမယ်ဆိုပါက မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် လေ့လာသူတွေက သုံးသပ်ထားပါတယ်။L-SAM စနစ်ကလည်း အမြင့်ပေ ၄၀ ကနေ ၆၀ ကီလိုမီတာအတွင်း ဝင်လာတဲ့ ဒုံးကျည်မှန်သမျှကို ထိမှန်စေဖို့ ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။

ကိုရီးယားလက်အောက်မှာရှိတဲ့ အမေရိကန်ကြည်တပ်က တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၃၀၀ ကျော်လည်း အဆိုပါစစ်ရေးပြအခန်းအနားကို နှစ်နိုင်ငံ မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ပါဝင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

မကြာသေးမီကမှ စစ်ရေးပြပွဲကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သွားရောက်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့ ကတိပြုခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ယမန်နှစ်က အာဏာရလာခဲ့တဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင် ယွန်းက ယူကရိန်းစစ်ပွဲ အကူအညီအတွက် မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကို ရုရှားကမြင့်တင်ပေးမယ်ဆိုပါက တိုက်ရိုက်ရန်စမှုဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

အခုပြုလုပ်သွားမယ့် စစ်ရေးပြပွဲကိုလည်း စစ်ရေး၊ လုံခြုံရေး နဲ့ မြောက်ကိုရီယားရဲ့ တိုးလာနေတဲ့ ရန်စမှုတွေကြားက သတင်းစကားပေးပို့နိုင်ဖို့အတွက် အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။