Trending Now

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်

Spread the love

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဩဂုတ်လမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြန်လည်စတင်ဖို့ စီစဉ်ထားပါတယ်။
အဲဒီလိုလုပ်ဆောင်မှုဟာ မြောက်ကိုရီးယားနဲ့ တွေ့ဆုံ ဆွေးနွေးမှုကို တွန်းအားပေးဖို့ရည်ရွယ်ပြီး လျှော့ချထားခဲ့တဲ့ လှုပ်ရှားမှုတွေကို ပုံမှန်ပြန်လည်လုပ်ဆောင်ရေး အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလို့ ယူဆရပါတယ်။

မြောက်ကိုရီးယားအရေး အပါအဝင် မူဝါဒရေးရာတွေနဲ့ ပတ်သက်ပြီး သမ္မတ ယွန်းဆက်ယို က ရှင်းလင်းပြောကြားပြီးတဲ့နောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သမ္မတ ယွန်း နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ ထိပ်သီး အစည်းအဝေးကနေ စစ်ရေးလေ့ကျင့်မှုရဲ့ အတိုင်းအတာ ချဲ့ထွင်ဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူတို့က အရင်အစိုးရတွေလက်ထက်မှာ လျှော့ချထားခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတတွေကို ပြန်လည် လုပ်ဆောင်ကြမှာဖြစ်ပါတယ်။

ဩဂုတ်လမှာ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ကွင်းဆင်းလေ့ကျင့်မှုနဲ့ ကွန်ပျုတာနဲ့ပုံဖော်လေ့ကျင့်မှုတွေ ပါဝင်မှာဖြစ်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။