Trending Now

အမေရိကန်က တောင်တရုတ်ပင်လယ် အရေးအခင်းကို ဖန်တီးသူ ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

Spread the love

အမေရိကန်က တောင်တရုတ်ပင်လယ် အရေးအခင်းကို ဖန်တီးသူ ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅

အမေရိကန်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ ပြဿနာ ဖန်တီးသူ နှင့် အရေးအခင်း ဖန်တီးသူ ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထန်ခက်ဖေးက ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ကာလကြာရှည် အမေရိကန်ဘက်က လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့်ပျံသန်းရေး ဟုဆိုပြီး စစ်ရေယာဉ်များကြိမ်ဖန်များစွာ စေလွှတ်ခြင်းသည် တောင်တရုတ်ပင်လယ်တွင် ရန်စကာ အခွင့်အာဏာချိုးဖောက်ခြင်းနှင့် လက်နက်အင်အားဝံ့ကြွားခြင်းက ဒေသတွင်းတင်းမာမှုအခြေအနေကို ပို၍ ဆိုးဝါးစေကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည်နှစ်မှစပြီး အမေရိကန်တပ်က တောင်တရုတ်ပင်လယ်ဒေသ ပင်လယ်ရေအောက်တွင် ရေငုပ်သင်္ဘောတိုက်မိမှု၊ ပင်လယ်ပေါ်သို့ လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက် ယခင်နှစ်များတွင်လည်း ဆိုးဝါးသည့် လူသေဆုံးမှု၊ ဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သဖြင့် ယင်းကိစ္စရပ်များက အမေရိကန်သည် လွတ်လပ်စွာ ရေကြောင်းသွားလာရေးနှင့်ပျံသန်းရေး၏ ထိန်းသိမ်းစောင့်ရှောက်သူမဟုတ်ဘဲ ပြဿနာဖန်တီးသူ နှင့် အရေးအခင်း ဖန်တီးသူ ဖြစ်သည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်ဟာ ငြိမ်းချမ်းရေးပင်လယ်၊ ချစ်ကြည်ရေးပင်လယ်၊ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ပင်လယ်ဖြစ်ပြီး သီးခြားနိုင်ငံတစ်နိုင်ငံရဲ့ အစွမ်းသတ္တိပြမယ့်နေရာ မဟုတ်ဘူးလို့ ကျွန်တော်တို့က ယူဆတယ်” ၎င်းက ဆိုသည်။

ထို့ပြင် ထန်ခက်ဖေးက အမေရိကန်နိုင်ငံသည် ကာလကြာရှည် ကျယ်ကျယ်ပြန့်ပြန့် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်း ရပ်တန့်သင့်ကြောင်း၊ ထိုသို့မဟုတ်ပါက ထိခိုက်နစ်နာမည်မှာ ဒေသတွင်း နိုင်ငံများက ထိန်းသိမ်းကာကွယ်ထားသည့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေး၏ ကြိုးပမ်းမှုကိုသာမက မိမိ၏ယုံကြည်မှုနှင့် လူပုဂ္ဂိုလ် လုံခြုံရေးကိုလည်းပဲ အန္တရာယ်ဖြစ်စေလိမ့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source – xinhua
Photo – xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။