Trending Now

ပြည်ခိုင်ဖြိုးပါတီ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဟိုပင် ကြက်ခြေနီအဖွဲ့ဝင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

Spread the love

ပြည်ခိုင်ဖြိုးပါတီ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဟိုပင် ကြက်ခြေနီအဖွဲ့ဝင်များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

EPN
ဟိုပင်၊ ဇွန် ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်ပြည့်အထိမ်းအမှတ်တွင်ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အဖွဲ့ဝင်မျ ားက ဟိုပင်မြို့ Coronavirus Diseas 2019 (COVID-19) Community Quarantine Center တွင် တာဝန်ထမ်းဆောင်နေသည့် ကြက်ခြေနီ လူငယ်မောင်မယ်များအတွက် အခြေခံ စားသောက်ကုန်များကို ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကြက်ခြေနီအသင်းရုံးတွင် လာရောက်ပေးအပ်ခဲ့ကြောင်း ကြက်ခြေနီအသင်းဥက္ကဌ ဦးစိုးတင့်ထံမှ သိရသည်။

`စေတနာလုပ်အားရှင်များ ဖြစ်တဲ့ ဟိုပင်မြို့ ကြက်ခြေနီအသင်းခွဲငယ်၏ တပ်ဖွဲ့ဝင်မျ ားကို ဆန်၂ အိတ်၊ ကြက်ဥ ၁၂၀ ၊ အသင့်စားခေါက်ဆွဲခြောက် ၃ ဖာ၊ ဆား ၁၀ ပိဿာ၊ ဆီ ၁၀ ပုလင်း၊ ကြက်သွန်နီ ၁၀ ပိဿာတို့ကို ဟိုပင်မြို့ကြက်ခြေနီ ရုံးမှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်´ဟု ဦးစိုးတင့်က ပြောပြသည်။

အဆိုပါပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်း ၊ မိုးညှင်းခရိုင် ကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်း၊ ခရိုင်ကော်မတီဝင် ဦးဖိုးထောင်၊ ဒေါ်ဝင်းဝင်းတင်၊ ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးဌေးဝင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်မိုး၊ အတွင်းရေးမှူး ဦးတင်ညွန့်၊ ဘဏ္ဍာရေးမှူး ဒေါ်နှင်းနှင်းထွေးနှင့် ဟိုပင်ဒေသရှိ မြို့နယ်ကော်မတီဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။