Trending Now

လျှပ်စစ်ဝန်ကြီးမှ ရုရှားနိုင်ငံ၏ လျှပ်စစ်ကုမ္ပဏီ (၂)ခုမှ တာဝန်ရှိသူများနှင့် ဆွေးနွေး

Spread the love

လျှပ်စစ်ဝန်ကြီးမှ ရုရှားနိုင်ငံ၏ လျှပ်စစ်ကုမ္ပဏီ (၂)ခုမှ တာဝန်ရှိသူများနှင့် ဆွေးနွေး

EPN
ရန်ကုန်၊ မတ် ၂၇ (၂၀၂၄)

ရုရှားနိုင်ငံ၊ Sochi မြို့တွင်ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄)သို့ တက်ရောက်နေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းသည် ရုရှားနိုင်ငံ၏ လျှပ်စစ်ကုမ္ပဏီ (၂)ခုမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းသည် NovaWind JSC ကုမ္ပဏီ၏ Director General – Grigory Na-zarov နှင့် JSC Rusatom Energy Projects ကုမ္ပဏီ၏ Director General- Andrey Rozhdestvin တို့နှင့် ယမန်နေ့ (မတ် ၂၆ ရက်)၊ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

NovaWind JSC ကုမ္ပဏီ၏ Director General – Grigory Na-zarov နှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံဆောင်ရွက်မည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် လေအားနှင့်အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

၎င်းအပြင် JSC Rusatom Energy Projects ကုမ္ပဏီ၏ Director ဖြစ်သူ General- Andrey Rozhdestvin နှင့်တွေ့ဆုံကာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့်အတူ ရုရှားနိုင်ငံ၊ Sochi မြို့တွင်ကျင်းပသည့် (၁၃) ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄)သို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။