Trending Now

အာရှတိုက်တွင် လူစုလူဝေးနှင့် ဆက်နွယ်သော ဘေးအန္တရာယ်များကြောင့် တစ်လအတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့

Spread the love

အာရှတိုက်တွင် လူစုလူဝေးနှင့် ဆက်နွယ်သော ဘေးအန္တရာယ်များကြောင့် တစ်လအတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂

အာရှတိုက်အတွင်းရှိ တောင်ကိုရီးယား၊ အန္ဒိယ နှင့် အင်ဒိုနီးရှားနိင်ငံတို့တွင် လူစုလူဝေးနှင့် ဆက်နွယ်သော ဘေးအန္တရာယ် သုံးခုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ ပြီး ထောင်နှင့်ချီဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်ရပ်သုံးခုသည် ကွဲပြားမှုများရှိနေသော်လည်း စီစဉ်မှုညံ့ဖျင်းမှုများကြောင့် ဖြစ်ပေါ်လာခဲ့ရသည့် ဘေးအန္တရာယ်များဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

အောက်တိုဘာ ၁ရက်နေ့က အင်ဒိုနီးရှားဘောလုံးပွဲအပြီးတွင် ပရိတ်သတ်များ၏ ကြမ်းဖက်မှုကို ရပ်တန့်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ အပြေးအလွားထွက်ပြေးမှုများကြောင့် တစ်ဦးကိုတစ်ဦး တက်နင်းမိခြင်း နှင့် အသက်ရှုကြပ်ခြင်းများကြောင့် လူပေါင်း ၁၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော်တွင် ဟောလိုဝင်းပွဲတော် ကျင်းပရန်ရောက်ရှိလာသည့် လူပေါင်း ၁၀၀၀၀ ကျော်သည် မြို့တော်၏ ကျဉ်းမြောင်းသော လမ်းကျဉ်းတစ်ခုထဲတွင် ပိတ်မိသွားခဲ့ရာ အသက်ရှုကြပ်ခြင်း၊ တစ်ဦးကိုတစ်ဦး တက်နင်းမိခြင်းများကြောင့် လူပေါင်း ၁၅၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၃၁ ရက်နေ့တွင်လည်း အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ရာစုနှစ်တစ်ခုကြာ သက်တမ်းရှိ ကေဘယ်ကြိုးတံတား ပြိုကျမှုကြောင့် ရာနှင့်ချီသော လူများ ရေထဲသို့ ပြုတ်ကျခဲ့ပြီး အနည်းဆုံး ၁၃၂ ဦး သေဆုံးခဲ့သည်။

အဆိုပါဖြစ်ရပ်များသည် အောက်တိုဘာ လအတွင်းဖြစ်ပွားခဲ့သည့် ဆယ်စုနှစ်များအတွင် အဆိုးဝါးဆုံး လူစုလူဝေးနှင့် ပတ်သက်သည့် ဘေးအန္တရာယ်များဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။

— ကိုးကား —
အေပီ
Ref; 3 tragedies in Asia take hundreds of lives in 1 month

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။