Trending Now

အမှိုက်ပုံတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲ၍ ပလုံကောက် မိသားစုဝင် (၃)ဦး သေဆုံး

Spread the love

အမှိုက်ပုံတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲ၍ ပလုံကောက် မိသားစုဝင် (၃)ဦး သေဆုံး

EPN
ရန်ကုန်၊ ဧပြီ ၁ (၂၀၂၄)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် မတ် ၃၀ ရက်၊ ညနေပိုင်းက အကြမ်းဖက်အဖွဲ့မှ အမှိုက်ပုံတွင်ထောင်ထားသည့် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၃၀ရက်နေ့၊ ညနေ ၄ နာရီကျော်ခန့်က မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်သွားကားလမ်းမကြီး၏ ရွှေပြည်ကျေးရွာအဝင်ရှိ အမှိုက်ပုံတွင် ပလုံကောက်နေသော အသက် (၆၅)နှစ်အရွယ်ခန့်ရှိ အဘွားတစ်ဦးနှင့် အသက် (၁၀)နှစ်ခန့် ကလေးငယ် (၂)ဦး စုစုပေါင်း (၃)ဦးသည် အိတ်အမည်းရောင်တစ်လုံးအား ကောက်ယူဖွင့်ကြည့်ခဲ့ကြောင်း သိရသည်။

” သူတို့ ၃ ယောက်က မြေးအဘွားတွေပါ။ အဘွားတစ်ယောက်ရယ်။ မိန်းကလေး ၂ ယောက်ရယ်ပါ။ အဲဒီ အိတ်အမည်းရောင်ကိုကောက်ပြီး ဖွင့်ကြည့်တုန်း အိတ်ထဲမှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ထည့်ပြီးထောင်ထားတဲ့ လက်လုပ်မိုင်း ပေါက်ကွဲသွားခဲ့တာပါ။ ပေါက်ကွဲအား အတော်ပြင်းတယ် ” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် မြေးအဘွား (၃)ဦးလုံးမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြသဖြင့် ရုပ်အလောင်းများအား လူမှုကူညီရေး အသင်းကားများဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။