Trending Now

မုန်းတိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၆ ဦး သေဆုံးပြီး ထောင်နဲ့ချီဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

Spread the love

မုန်းတိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၆ ဦး သေဆုံးပြီး ထောင်နဲ့ချီဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၇

အင်းအားပြင်းမုန်တိုင်း တိုင်ဖွန်း ဒုခ်ဆိုရီဟာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဇူလိုင်လ ၂၆ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူခြောက်ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းကြိုတင်ပြင်ဆင်မှုနေနဲ့ ကန်းရိုးတမ်းဒေသက ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပေမယ့် မုန်တိုင်းက ပြည်နယ်အများအပြားကို ဝင်ရောက်တိုက်ခတ်သွားတဲ့အတွက် လူပေါင်း ၁၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁၇၅ ကီလိုမီတာ (တစ်နာရီ ၁၀၈ မိုင်) နှုန်းဖြင့် တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ ရာနဲ့ချီတဲ့ လေကြောင်း၊ရေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပြီး မြေပြိုမှုနဲ့ ရေကြီးမှုသတိပေးချက်တွေထုတ်ပြန်ထားတဲ့အတွက် စာသင်ကျောင်းတွေကို ပိတ်ထားရဆဲဖြစ်ပါတယ်။

အဆိုပါမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကနေ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံဘက်ကို တစ်နာရီလျှင် ၁၇၅ ကီလိုမီတာ (တစ်နာရီ ၁၀၉ မိုင်)နှုန်းဖြင့် ဆက်လက် ဦးတည်နေပြီး တရုတ်နိုင်ငံက မုန်းတိုင်းသတိပေးချက်အမြင့်ဆုံးဖြစ်တဲ့ အနီရောင် သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။