Trending Now

လဟယ်မြို့တွင် တောမီးလောင်မှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ဆုံးရှုံး

Spread the love

လဟယ်မြို့တွင် တောမီးလောင်မှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ဆုံးရှုံး

EPN
မြစ်ကြီးနား၊ မတ် ၁၅ (၂၀၂၄)

စစ်ကိုင်းတိုင်းဒေသ၊ လဟယ်မြို့နယ်၊ ဟွေဟိုက်ကျေးရွာတွင် မတ်လ ၁၄ ရက်၊ နေ့လည် ၁ နာရီခွဲ အချိန်က တောမီးလောင်မှုကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဟွေဟိုက်ကျေးရွာအနီးတွင် တောင်ယာမီးရှိူ့ခဲ့ခြင်းကြောင့် မီးစများ လူနေအိမ်သို့ ကူးစက်ကျလာသည့်အတွက် လူနေအိမ် ၃၃ လုံး၊ KG အဆောင် ၂ လုံး၊ စပါးကျီ ၄ လုံးနှင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” မနေ့က တစ်နာရီလောက်မှာ လောင်သွားတာပါ။ စလောင်တာကတော့ တောင်ယာမီးရှိူ့တာကနေ စလောင်တာလို့ သိရတယ်။ မီးစတွေကျပြီး လောင်သွားတာပါ ” ဟု ၎င်းကပြောသည်။

အဆိုပါ လူနေအိမ် (၃၃)လုံး မီးလောင်မှုကြောင့် မီးဘေးသင့် ဒေသခံပြည်သူများ လူဦးရေ ၂၀၀၀ ကျော်အတွက် အိုးခွက်ပန်းကန်များ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဝတ်အထည်များနှင့် စား သောက်စရာများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရပြီး မီးဘေးသင့်ပြည်သူများအား ကူညီလှူဒါန်းပေးလိုပါက (၀၉ ၄၅၃၆၉၇၆၂၃၊ ၀၉ ၇၆၄၈၁၇၃၄၁) သို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။