Trending Now

ပန်းတနော်မြို့နယ်အတွင်း ကျောင်းသားကျောင်းသူနှင့် ဆရာမများ၊ ရဲနှင့် အချုပ်သားများ ကိုဗစ် ၁၉ ကူးစက်ခံရ

Spread the love

ပန်းတနော်မြို့နယ်အတွင်း ကျောင်းသားကျောင်းသူနှင့် ဆရာမများ၊ ရဲနှင့် အချုပ်သားများ ကိုဗစ် ၁၉ ကူးစက်ခံရ

EPN
ပန်းတနော်၊ ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသားကျောင်းသူနှင့် ဆရာမများ၊ ရဲနှင့် အချုပ်သားများ ကိုဗစ် ၁၉ ကူးစက်ခံရသည်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပန်းတနော်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၄ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် (၁၄)ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ကျောင်းသားကျောင်းသူနှင့် ဆရာမများ၊ ရဲနှင့် အချုပ်သားများ ဖြစ်ကြောင်း သိရသည်။

”မနေ့က ကိုဗစ် ကူးစက်ခံရသူ ၁၄ ယောက်ရှိပါတယ်။‌ကျောင်းသား/သူ ၈ ယောက် ပါဝင်ပါတယ်။ လက်ရှိ
ရောဂါကူးစက်ခံရသူအားလုံး ကျန်းမာရေးကောင်းပါတယ်။”ဟု ပန်းတနော်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှတာဝန် ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ် ၁၄ ဦးမှာ အင်းမကျေးရွာ အ.ထ.က ကျောင်းမှ အသက် (၅၇) နှစ်အရွယ် ကျောင်းဆရာတစ်ဦး၊ (၄၈) နှစ် အရွယ် ကျောင်း ဆရာမတစ်ဦး၊ (၄၆)နှစ်အရွယ် ကျောင်းဆရာမတစ်ဦး၊ အင်းမအ.ထ.ကကျောင်းတွင် တက်ရောက်နေသော (၇) တန်းကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ အင်းမ နယ်မြေရဲစခန်းမှ အသက်(၂၆)နှစ် ရဲတပ်သား တစ်ဦးနှင့် အသက် (၃၂)အရွယ် ဒုတပ်ကြပ် တစ်ဦး၊ ပန်းတနော်မြို့မရဲစခန်းမှ အသက်(၄၃)အရွယ် အချုပ်သားတစ်ဦး စုစုပေါင်း (၁၄) ဦးတို့ ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၁၄ ဦးကို
ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်အဆောင်များတွင် ထားရှိ၍ လိုအပ်သော ကျန်းမာရေးစောင့်
ရှောက်မှုများ ပေးထားကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ဖေဖော်ဝါရီ ၄ ရက်မှ ၁၄ ရက်ထိ ကိုဗစ်- ၁၉ရောဂါကူးစက်ခံရသူ ၂၃အထိရှိလာပြီးကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄ ဦး၊ဆက်လက်ဆေးကုသမှု ခံယူနေသူ ၁၉ ဦးရှိကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။