Trending Now

ဘိုကလေးမြို့တွင် နေအိမ် ၉ လုံးထက်မနည်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးခံရ

Spread the love

ဘိုကလေးမြို့တွင် နေအိမ် ၉ လုံးထက်မနည်း သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးခံရ

EPN
ဘိုကလေး ၊ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် နေအိမ်များသို့ သွယ်တန်း ထားသည့် လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးခံရမှု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဘိုကလေးမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ ၁၄ လမ်းမှ နေအိမ် ၉ လုံးတွင် သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ဒီဇင်ဘာ ၉ ရက်ညပိုင်းက ခိုးဖြုတ်ခံရခြင်းဖြစ်ပြီး မနက်မိုးလင်းချိန်မှသာ အိမ်ရှင်များကသိရခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

”ဘယ်ကအချိန် ဖြုတ်ခိုးခံရတယ်မသိ ၊ မီးပျက်နေ တာတွေကများတော့ ၊ မနက်မိုးလင်းမှပဲ မီးကြိုးတွေ မရှိတော့တာသိကြရတယ် ၊ ရပ်ကွက်ထဲက နေအိမ် ၉ လုံး ထက်မနည်း ဖြုတ်ခိုးခံရတာ ၊ ဟိုဘက်ရပ်ကွက်တွေထဲ မှာလည်း ခိုးဖြုတ်ခံရတာဖြစ်နေတယ်တဲ့ ၊ အခွင့်ကောင်း ယူတဲ့သူတွေ ၊ အချောင်သမားတွေက၊ ခေတ်မကောင်းမှ လုပ်နေတာ ၊တစ်နေ့ နဲ့ တစ်နေ့ တော်တော်ဆိုး လာတယ်။”ဟု မီးကြိုးဖြုတ်ခိုးခံရသည့် အိမ်ရှင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဓာတ်ကြိုးများ ဖြုတ်ခိုးခံရသည့်နေအိမ်များမှာ ဓာတ်တိုင်နှင့် အလှမ်းဝေးသည့် နေအိမ်များဖြစ်ပြီး အိမ်ရှင်များအနေဖြင့် ပြန်လည် ဝယ်ယူတပ်ဆင်ရန် အခက်အခဲရှိနေကြောင်းသိရသည်။

ဘိုကလေးမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမှတ် (၁၀) ရပ်ကွက်၊ ၃ လမ်းရှိ နေအိမ် ၄ လုံးမှ လျှပ်စစ်မီးကြိုးများ ခိုးဖြုတ်ခဲ့ရသလို ဒီဇင်ဘာလ ပထမ အပတ်ကလည်း ဖျာပုံမြို့၊ ကျက်သရေ ဆောင်သာသနာ့ ဗိမာန်တော်ကြီး အတွင်းက လျှပ်စစ်မီး ကြိုးများ အခိုးခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။