Trending Now

အိမ်ဖြူတော်မှာ ကိုကင်းတွေ ရှာဖွေတွေ့ရှိခဲ့

Spread the love

အိမ်ဖြူတော်မှာ ကိုကင်းတွေ ရှာဖွေတွေ့ရှိခဲ့

EPN
နိုင်ငံတကာ၊ ဇူလိုင် ၅

တနင်္ဂနွေနေ့နှောင်းပိုင်းက အိမ်ဖြူတော်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အဖြူရောင်ပစ္စည်းတွေဟာ ကိုကင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနနဲ့ အေပီသတင်းဌာနတို့ရဲ့ သတင်းရစ်မြစ်တွေက ပြောပါတယ်။

အမေရိကန် လျှို့ဝှက်ဌာန ပြောရေးဆိုခွင့်ရှိသူ Anthony Guglielmi က တွေ့ရှိချက်ကို အတည်မပြုခဲ့ပေမယ့် အဆိုပါပစ္စည်းတွေကို ထပ်မံစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဝါရှင်တန်ပို့စ်ကို ပြောကြားခဲ့ပါတယ်။

အဲ့ဒီကိုကင်းတွေကို အိမ်ဖြူတော် ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ မိုဘိုင်းလ်ဖုန်း သိမ်းဆည်းဖို့ အသုံးပြုလေ့ရှိတဲ့ ဗီရိုတစ်ခုအတွင်းကနေ သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

ရှာဖွေတွေ့ရှိချိန်မှာတော့ သမ္မတ ဂျိုးဘိုင်ဒင် နဲ့ သူ့မိသားစုဟာ ဒေးဗစ်စခန်းမှာ ရှိနေခဲ့တာဖြစ်ပြီး အိမ်ဖြူတော်မှာရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။

West Wing အလုပ်ဧရိယာအတွင်းမှာ အဖြူရောင်အမှုန့်တွေကို လျှို့ဝှက် အေးဂျင့်တွေက တွေ့ရှိခဲ့တာဖြစ်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိမ်ဖြူတော် အဆောက်အအုံကို ပိတ်ထားခဲ့ပါတယ်။

“ဒီပစ္စည်းကို နောက်ထပ် အကဲဖြတ်ဖို့ ပေးပို့ထားပြီး အိမ်ဖြူတော်ထဲကို ဘယ်လိုဝင်သွားတယ်ဆိုတဲ့ အကြောင်းရင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။” လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

West Wing အလုပ်ဧရိယာအတွင်းမှာ Oval Office နဲ့ Situation Room အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရုံးတွေပါရှိပြီး အိမ်ဖြူတော်ရဲ့ ကြီးမားပြီး အဆင့်ပေါင်းစုံရှိတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဒု-သမ္မတ၊ အိမ်ဖြူတော် ဦးစီးချုပ်၊ သတင်းစာ အတွင်းရေးမှူး ရုံးခန်းနဲ့ အခြားရာနဲ့ချီတဲ့ ဝန်ထမ်းရုံးခန်းတွေကိုလည်း ထားရှိပါတယ်။

Ref; BBC/DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။