Trending Now

ချီဖွေမြို့၌ စိုက်ထူထားသည့် စည်းလုံးခြင်း ရုပ်တုပြုပြင် မွမ်းမံနိုင်ရန်အတွက် ဆန်းလင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီမှ အလှူငွေ ပေးအပ်

Spread the love

ချီဖွေမြို့၌ စိုက်ထူထားသည့် စည်းလုံးခြင်း ရုပ်တုပြုပြင် မွမ်းမံနိုင်ရန်အတွက် ဆန်းလင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီမှ အလှူငွေ ပေးအပ်

EPN
ချီဖွေ၊ မတ် ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကချင်ပြည်နယ်အထူးဒေသ(၁)၊ ချီဖွေမြို့၌ စိုက်ထူထားသည့် စည်းလုံးခြင်း ရုပ်တု ပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေ ကျပ် (၅)သိန်းကို ဆန်းလင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီမှ ယမန်နေ့က မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ လှူဒါန်းခဲ့သည် ဟု သိရသည်။

“ဒေသဖွံ့ဖြိုးရေးနဲ့ မြို့စည်ပင်သာယာလှပစေရေးအတွက် ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးနေပါတယ်၊ အခု ချီဖွေမြို့က စည်းလုံးခြင်း ရုပ်တု ပြုပြင်နိုင်ရန်အတွက် အလှူငွေ လာရောက် လှူဒါန်းခြင်း ဖြစ်ပါတယ်” ဆန်းလင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီမှ ဦးယော်ခေါက ပြောပြသည်။

အလားတူ ချီဖွေမြို့ မြို့အဝင်/အထွက် ဆိုင်းဘုတ် ပြုပြင်မွမ်းမံနိုင်ရေးအတွက် ယခင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှလည်း အလှူငွေ ကျပ် (၅) သိန်းကို မြို့နယ်စည်ပင်သာယာရေး အဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။