Trending Now

” စဉ်း စား ကြည့် ပေါ့ “

Spread the love

” စဉ်း စား ကြည့် ပေါ့ ” 

EPN
ဆောင်းပါး၊ ဧပြီ ၂၄

ပြော နေ တာ အ မြဲ ကြား နေ ရ တဲ့ စ ကား တစ် ခွန်း ရှိ တယ် ။ ” မြန် မာ နိုင် ငံ မှာ ပ ညာ ရှင် တွေ နောက် ဆုတ် နေ ကြ တယ် ” တဲ့ ။

ပ ညာ ရှင် တွေ နှုတ် ဆိပ် နေ တယ် လို့ လည်း ပြော ကြ တယ် ။

လေ့ လာ ကြည့် တော့ အ မှန် လို ဖြစ် နေ တာ တွေ့ ရ တယ် ။ ဘာ ဖြစ် လို့ ဒီ လို ဖြစ် နေ ကြ တာ လဲ လို့ ထပ် လေ့ လာ ကြည့် မိ တယ် ။ မ ပြော ခင် မှာ ပ ညာ ရှင် ဆို သူ တွေ ရဲ့ တူ ညီ တဲ့ စိတ် တစ် ခု ကို အ ရင် ပြော ပြ မယ် ။

ပ ညာ ရှင် အ စစ် တွေ ရဲ့ တူ ညီ တဲ့ စိတ် တစ် ခု က သူ့ လောက် နား မ လည် တဲ့ သူ ရဲ့ လက် အောက် မှာ ဘယ် တော့ မှ ကြာ ကြာ အ လုပ် မ လုပ် နိုင် ဘူး ဆို တာ ပဲ ။

အဲ့ ဒီ စိတ် က ပ ညာ ရှင် တိုင်း မှာ ရှိ တယ် ။ ဒါ ကို မ သိ ကြ တာ ပ ညာ မ ရှိ တဲ့ သူ တွေ ပဲ ။

အ ရင် ခေတ် ရွေး စ ရာ မ ရှိ တဲ့ အ ချိန် မှာ တော့ ဌာ န ဆိုင် ရာ ကို ပဲ ပြေး ကပ် ရ တယ် ။ အ ခု ခေတ် ကု မ္ပ ဏီ တွေ က ပ ညာ ရှင် တွေ ကို တစ် လ ဒေါ် လာ သုံး လေး ငါး ထောင် ပေး ထား ကြ တာ ဆို တာ နိုင် ငံ တော် သ တိ ထား မိ ဖို့ လို တယ် ။

ပ ညာ ရှင် တွေ က အ ကူ အ ညီ တောင်း ရင် တော့ အိပ် သွန် ဖာ မှောက် ပြော ပြ ကြ ကူ ညီ ကြ ပေ မယ့် သူ့ လောက် နား မ လည် မ တတ် ကျွမ်း တဲ့ သူ ရဲ့ လက် အောက် မှာ တော့ ဘယ် တော့ မှ ကြာ ကြာ အ လုပ် မ လုပ် နိုင် ကြ ဘူး ။ ဘာ ဖြစ် လို့ လဲ ဆို ရင် သူ့ လောက် နား မ လည် တဲ့ သူ ခိုင်း တာ က မှန် ချင် မှ မှန် တတ် လိမ့် မယ် ။ နောက် သူ ပြော တာ ကို လည်း အ ထက် လူ ကြီး က လက် ခံ ချင် မှ လက် ခံ လိမ့် မယ် ။


မ ဆ လ လက် ထက် က ပု သိမ် မှန် ချက် စက် ရုံ မှာ တစ် ခု ဖြစ် ခဲ့ တယ် ပြော တယ် ။

မ ဆ လ လက် ထက် က ဒေ သ အ သီး သီး ဖွံ့ ဖြိုး အောင် ဆို ပြီး ပု သိမ် မှာ မှန် ချက် စက် ရုံ ထောင် ပြီး ထား ဝယ် က ကုန် ကြမ်း သယ် ပို့ ရ တယ် ။ ထား ဝယ် မှာ ပဲ ကုန် ကြမ်း ရ လို့ စက် ရုံ မ လုပ် ဘူး ။ ထား ဝယ် ကော ပု သိမ် ကော က လူ တွေ အ လုပ် ရ ဖို့ လို့ ဆို တယ် ။

တစ် နေ့ အဲ့ ဒီ ဖန် ချက် စက် ထဲ က အ သံ တစ် ချို့ ထွက် လာ တယ် ။ ဒီ အ ခါ နိုင် ငံ ခြား ပ ညာ သင် သွား ခဲ့ တဲ့ မြန် မာ အင် ဂျင် နီ ယာ က အ ထဲ က ဝက် အူ ( Screw ) တစ် ခု ခြောင် နေ တာ သူ ဝင် ကြပ် ပေး မယ် ပြော တယ် ။ စက် ရုံ မှူး နဲ့ လူ ကြီး တွေ က မ တော် ပြော တဲ့ အ တိုင်း မ ဟုတ် ပဲ တစ် ခြား ကိ စ္စ ဖြစ် နေ ရင် ပြ ဿ နာ တက် နိုင် တယ် ဆို ပြီး နိုင် ငံ ခြား က ပ ညာ ရှင် ခေါ် ဖို့ ဆုံး ဖြတ် ပြီး လည် နေ တဲ့ စက် ကို ရပ် ခဲ့ တယ် ။

သူ တို့ ပြော တာ အဲ့ ဒီ စက် ရုံ က ဓာတ် ငွေ့ နဲ့ လည် တော့ ဆက် တိုက် လည် နေ ရ တယ် တဲ့ ။ ရပ် လိုက် ပြီး ရင် ၆ လ လား နား ပြီး မှ ပြန် စက် နှိုး လို့ ရ တယ် လို့ ဆို တယ် ။ ဂျ ပန် က လာ ဆောက် ပေး ထား တာ ဆို တော့ ဂျ ပန် ကို လှမ်း အ ကြောင်း ကြား ပြီး ဂျ ပန် အင် ဂျင် နီ ယာ တွေ ခေါ် လိုက် တယ် ။

ဂျ ပန် အင် ဂျင် နီ ယာ တွေ ရောက် လာ တော့ စက် ရုံ က သူ တို့ နဲ့ အ တူ ပ ညာ သင် ခဲ့ တဲ့ မြန် မာ အင် ဂျင် နီ ယာ ကို ဝက် အူ ခြောင် နေ တာ မင်း ဘာ လို့ ဝင် မ ကြပ် ပဲ စက် ကို ပိတ် လိုက် တာ လဲ မေး တော့ အ ရှက် တွေ ကွဲ ကုန် ကြ တာ ပေါ့ တဲ့ ။

အဲ့ လို အင် ဂျင် နီ ယာ က ကြောက် လို့ သာ အ လုပ် လုပ် မယ် စေ တ နာ တော့ ပါ တော့ မှာ မ ဟုတ် ဘူး ။

ဒီ လို ပါ ပဲ လက် ရှိ ရှောင် လို့ ရ တဲ့ အ ချိန် မှာ တော့ မင်း လုပ် တတ် ရင် လုပ် လေ လို့ ထိုင် ကြည့် နေ တဲ့ သူ တွေ များ လာ တာ တွေ့ ရ ပါ တယ် ။ ဒါ ကြောင့် လည်း တ လွဲ တော် တော် များ များ အ ခု ခေတ် မှာ ပို တွေ့ လာ ရ တယ် ။

မာ န ၅ မျိုး ရှိ တယ် ။

အဲ့ ဒီ မာ န ငါး မျိုး ထဲ မှာ ချမ်း သာ ကြွယ် ဝ လို့ ထား တဲ့ မာ န က ဆင်း ရဲ သွား ရင် ပျောက် သွား တယ် ။

အာ ဏာ ရှိ လို့ ထား တဲ့ မာ န က အာ ဏာ လက် မဲ့ ဖြစ် သွား ရင် ပျောက် သွား တယ် ။

အ ဆင်း လှ လို့ ထား တဲ့ မာ န က အို မင်း လာ ရင် ပျောက် သွား တယ် ။

ဆွေ မျိုး အ သိုင်း အ ဝိုင်း တောင့် တင့် လို့ ထား တဲ့ မာ န က ဆွေ မျိုး တွေ မ ရှိ တော့ ရင် ပျောက် သွား တယ် ။

ပ ညာ ရှိ လို့ ထား တဲ့ မာ န က ဘယ် တော့ မှ မ ပျောက် တတ် ဘူး ။ ပ ညာ ဆို တာ ပျောက် ပျက် သွား တာ မ ဟုတ် တဲ့ အ ပြင် သူ က ကြာ လေ ပ ညာ ပို ရှိ လေ ဖြစ် ဖြစ် လာ တတ် လို့ ပါ ပဲ ။

ဒါ ကြောင့် ပ ညာ မာ န က ထိန်း ရ ခက် တယ် ။ တ ကယ့် သူ တော် ကောင်း တွေ ပ ညာ ရှင် တွေ ပဲ ထိန်း နိုင် တယ် ။ လက် ရှိ မြန် မာ နိုင် ငံ မှာ ပ ညာ မာ န နဲ့ လွဲ မှား တဲ့ အ လုပ် တွေ လုပ် နေ တဲ့ သူ တွေ ရ ဟန်း တွေ ထဲ မှာ အ ထိ ရှိ တယ် ။

အဲ့ တော့ ပ ညာ ရှင် ကို ထိန်း ရ ခက် တယ် ။

ဒါ ပေ မဲ့ ပ ညာ ရှင် ကို မှန် မှန် ကန် ကန် အ သုံး ချ နိုင် ရင် ပ ညာ ရှင် တစ် ယောက် နှစ် ယောက် လောက် က ပဲ အ များ ကြီး ပြောင်း လဲ အောင် စွမ်း ဆောင် နိုင် တယ် ။ ရှေ့ ခေတ် ဘု ရား လောင်း တစ် ဦး တည်း နဲ့ တိုင်း ပြည် သာ ယာ ဝ ပြော အောင် ဆောင် ရွက် နိုင် ကြ တယ် ။

အ ရင် ခေတ် က ဝန် ထမ်း ဘ ဝ မှာ တ ကယ့် ဝန် ထမ်း တွေ အ လုပ် လုပ် ကြ တော့ အောင် မြင် ခဲ့ တယ် ။ နောက် ပိုင်း စစ် တပ် က အ သွင် ပြောင်း တစ် ချို့ ကြောင့် ဝန် ထမ်း လော က နိမ့် ကျ ခဲ့ ရ တယ် ။

ဒါ ပေ မဲ့ အ ကုန် အ သွင် ပြောင်း တွေ ကြောင့် လား ဆို တော့ လည်း မ ဟုတ် ပြန် ဘူး ။ လက် ရှိ အ ချိန် မှာ ကို စစ် တပ် က အ သွင် ပြောင်း လူ ကြီး ဝန် ထမ်း တွေ ကိုယ့် ဌာ န ကို တိုး တက် စေ ချင် လို့ အ ပြင် က ကျွမ်း ကျင် ဝန် ထမ်း ဟောင်း တွေ ကို အ ကူ အ ညီ ပြန် တောင်း နေ တာ ကိုယ် တိုင် ကြုံ နေ ရ တယ် ။

အဲ့ ဒီ မိုး ကျ ရွှေ ကိုယ် တွေ ပြု ပြင် ချင် နေ တာ တွေ လက် ရှိ မှာ အ ရပ် သား သူ့ အ ထက် က လူ တွေ ကို ကျော် မ ရ ပြန် ဘူး ။

ဒီ တော့ မ အောင် မြင် တာ အ သွင် ပြောင်း မိုး ကျ ရွှေ ကိုယ် တွေ ကြောင့် လို့ တစ် သတ် မှတ် တည်း ပြော လို့ မ ရ ပြန် ဘူး ။

အ ပေါ် က အ ရပ် သား လူ ကြီး တွေ က လည်း အ မှန် တော့ ဘာ လုပ် ရ မယ် ၊ ဘာ လုပ် သင့် တယ် ဆို တာ တ ကယ် မ သိ ပြန် ဘူး ။

အ မှန် တော့ ပ ညာ ရှင် တွေ နှုတ် ဆိပ် နေ တာ တိုင်း ပြည် နာ တယ် ၊ ပြည် သူ နာ တယ် ။

ဒါ ဆို မြန် မာ နိုင် ငံ မှာ ဘာ လို့ ပ ညာ ရှင် တွေ နောက် ဆုတ် နေ ကြ တာ လဲ ။ ရေး ရေး တော့ တွေး မိ လိမ့် မယ် ထင် တယ် ။

ပ ညာ ရှင် တွေ ရဲ့ သ ဘော သ ဘာ ဝ ကို မ သိ တာ လူ ကြီး ရဲ့ အား နည်း ချက် ပဲ ။

ဘယ် အ ရာ က ဘယ် လို ဖြစ် သင့် တယ် ဆို တာ က တော့ စာ ဖတ် သူ တွေ သာ စဉ်း စား ကြ ပေ တော့ ပေါ့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
————————————


EPN



































Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။