Trending Now

ပျူစောထီးအဖွဲ့ကို တပ်မတော် ဖွဲ့စည်းခဲ့တာမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

ပျူစောထီးအဖွဲ့ကို တပ်မတော် ဖွဲ့စည်းခဲ့တာမဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၆

ပျူစောထီးတပ်တွေကို ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက် ၁၉၅၅ ခုနှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်မတော် ဖွဲ့စည်းခဲ့တာမဟုတ်ဘူးလို့ န.စ.က သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ကပြောပါတယ်။

နေပြည်တော်မှာ ယနေ့ ဇူလိုင် (၂၆) ရက်နေ့ မွန်းလွဲပိုင်းမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ၁၈ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာပါ။

သမိုင်းကြောင်းတွေအရ ပျူစောထီးတပ်တွေကို ဝန်ကြီးချုပ် ဦးနု အစိုးရလက်ထက် (၁၉၅၅) ခုနှစ် အောက်တိုဘာလအတွင်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အာဏာရပါတီက ဒီမိုကရေစီ အရေး အနိုင်ကျင့်မှုတွေကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အာဏာရနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပျူစောထီးတပ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်အပေါ် စွပ်စွဲချက် ပြောဆိုတာတွေ ဆောင်ရွက်လာခဲ့တဲ့အတွက် တပ်မတော်ခေါင်းဆောင်တချို့က ဝန်ကြီးချုပ် ဦးနုနဲ့ တွေ့ဆုံပြီး စွပ်စွဲချက်တွေ မမှန်ကန်ကြောင်း ရှင်းလင်းခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဝန်ကြီးချုပ်နဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် တပ်မတော်ကို ပုတ်ခတ်ပြောဆိုမှုတွေဟာ မှားယွင်းနေတာကြောင့် ဝန်ကြီးချုပ် ဦးနုက မြန်မာ့အသံလွှင့် အစီအစဉ်ကနေ ရှင်းလင်းခဲ့ပြီး ပျူစောထီးတပ်ကို ဖျက်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။