Trending Now

ထိုင်းနိုင်ငံမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်အများအပြားပျက်စီး

Spread the love

ထိုင်းနိုင်ငံမှာ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်အများအပြားပျက်စီး
EPN
နိုင်ငံတကာ၊ ဧပြီ ၂၁
ထိုင်းနိုင်ငံ မြောက်ပိုင်း မှာ ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုတွေကြောင့် နေအိမ် ၇၀၀၀ နီးပါး ပျက်စီးဆုံးရှုံး သွားခဲ့တယ်လို့ ထိုင်း သဘာဝဘေးအန္တာရယ် တားဆီးကာကွယ်ရေး ဌာနက ဆိုပါတယ်။
ဧပြီ ငါးရက်နေ့ နောက်ပိုင်းတည်းက လေပြင်းတိုက်ခတ်မှု ဒဏ်ကို ကျေးရွာပေါင်း ၁၀၁၀ ရွာတွေကြုံခဲ့ရပြီး အိမ်ပေါင်း ၆၉၄၀ ပျက်စီးခဲ့ရတယ်လို့ ထိုင်း သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်ရေးဌာန ညွန်ကြားရေးမှူး ချာရာပိုလ် တီတီဆက် ကပြောပါတယ်။ 
လေပြင်းတိုက်ခတ်မှုတွေကြောင့် ရွာသွား ကိုးဦးဒဏ်ရာရသွားခဲ့ကြောင်း၊ လေတိုက်ခတ်မှုက ပုံမှန်မဟုတ်တဲ့ တိုက်ခတ်မှုမျိုးဖြစ်ကြောင်း ညွှန်ကြားရေးမှူး ချာရာပိုလ်ကဆိုပါတယ်။ လေပြင်းတိုက်ခတ်မှုဒဏ် တွေကြုံခဲ့ရတဲ့ ရွာတွေကို အကူညီပေးနိုင်ဖို့ အစိုးရဌာနတွေ၊ ထိုင်းစစ်တပ် နဲ့ သဘာဝဘေးအန္တရာယ် တာဆီးကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လကတည်း တောမီးကြောင့် လေထုညစ်ညမ်းမှု ဖြစ်ခဲ့ပြီး လူအများစု အခက်ခဲဖြစ်ခဲ့ရပါတယ်။
————————————————-


EPN




 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။