Trending Now

ပဲခူးမြို့အတွင်း ရေဘေးကူညီကယ်ဆယ်ရေးစခန်းများ၌ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ရန် လူမှုကူညီရေး အသင်းအဖွဲ့များ တောင်ငူမြို့မှ ထွက်ခွာ

Spread the love

ပဲခူးမြို့အတွင်း ရေဘေးကူညီကယ်ဆယ်ရေးစခန်းများ၌ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ရန် လူမှုကူညီရေး အသင်းအဖွဲ့များ တောင်ငူမြို့မှ ထွက်ခွာ

EPN
တောင်ငူ၊ အောက်တိုဘာ ၁၀ (၂၀၂၃)

တောင်ငူခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပဲခူးမြို့အတွင်း ရေဘေးကူညီကယ်ဆယ်ရေး စခန်းများ၌ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ရန် လူမှုကူညီရေး အသင်းအဖွဲ့များမှ အောက်တိုဘာ ၁၀ရက်နေ့ (ယနေ့)၊ မွန်းလွဲ (၃) နာရီ အချိန်မှစ၍ တောင်ငူမြို့မှ စုပေါင်းထွက်ခွာခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အတွင်း ဖွင့်လှစ်ထားရှိသည့် ရေဘေးကူညီကယ်ဆယ်ရေး စခန်းများ၌ နေထိုင်လျက်ရှိကြသည့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး အတွက် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ လူမူကူညီရေးအသင်းအဖွဲ့များ၏ ပံ့ပိုးကူညီမှုများဖြင့် စုပေါင်းသွားရောက်ကာ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့လှူဒါန်းနိုင်ရန် အောက်တိုဘာ ၁၀ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က စုရပ်အဖြစ် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ စုပေါင်းလှူဒါန်းကြသည့် ဆန်အိတ် (၁၆၁)အိတ်၊ ရေသန့် (၆၃၆) ကဒ်၊ ခေါက်ဆွဲခြောက်ဖာ (၁၅၅) ဖာ၊ ဆီ ( ၁၆၀) ပိဿာ၊ ငါးပိထောင်း (၂၂၈) ဗူး၊ ငါးခြောက် (၈) ပိဿာ၊ ဆားအိတ် (၂) အိတ်၊ အာလူး (၂) အိတ်၊ ပဲကြော် (၂၅၀) ထုပ်၊ လက်ဖက် (၁၁) ထုပ်၊ အသားတု (၁၅) ပိဿာ၊ သီးနှံအစို (၅) အိတ်၊ အထည်မျိုးစုံ (၁) အိတ်၊ အထွေထွေအခြောက်အိတ် (၂) အိတ်တို့အား ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ကုန်တင်ယာဉ် (၁) စီး၊ လူမှုကူညီရေး အသင်းအဖွဲ့ (၁၂) ဖွဲ့မှ မော်တော်ယာဉ်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အားဦးရေ (၆၀) ကျော်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။