Trending Now

ရေဦး – ခင်ဦးကားလမ်းမှာ မိုင်းထောင်နေတဲ့ အကြမ်းဖက်အဖွဲ့နဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

Spread the love

ရေဦး – ခင်ဦးကားလမ်းမှာ မိုင်းထောင်နေတဲ့ အကြမ်းဖက်အဖွဲ့နဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
EPN
ခင်ဦး၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်းဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာအကြား ခင်ဦး – ရေဦး ကားလမ်းမှာ အခုလ ၁၇ ရက်၊ မနေ့က ညနေပိုင်းမှာ ကားလမ်းမိုင်းထောင်နေတဲ့ အကြမ်းဖက်အဖွဲ့နဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ၊ လက်နက် ခဲယမ်းများစွာ သိမ်းဆည်းရမိတယ်လို့ ခင်ဦးနယ်ခံတွေထံက သိရပါတယ်။
“ဖြစ်တာက ညနေ ၃ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကြောင်းအဖွဲ့ကို ကားလမ်း မိုင်းထောင်နေတဲ့ အကြမ်းဖက် အဖွဲ့က လယ်ကွက်ကြားကနေ ဖြတ်တိုက်တာ ” လို့ ကံကြီးကုန်းရွာခံတစ်ယောက်က ပြောပါတယ်။
“ထိတွေ့မှု ဖြစ်တာပါ ၊ အကြမ်းဖက်သမားတွေဘက်က ရန်သူ့အလောင်း ကျား ၁၂ လောင်းနှင့်အတူ သံလက်လုပ် တစ်ထောင့်ထိုးသေနတ် ၂၅ လက်၊ သစ်သားဒင်တစ်ထောင့်ထို့း သေနတ် ၅ လက်၊ ၎င်းကျည် ၃၅ တောင့်၊ PVC ပိုက်ဖြင့်ပြုလုပ်ထား သော လက်လုပ်မိုင်း ၃ လုံး၊ ယမ်းမှုန့် ၂ ဘူးနှင့် ခဲသီး ၂၅ လုံးတို့အား သိမ်းဆည်းရမိပြီး စစ်ကြောင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူး ” လို့ ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ်မှာ ၊ ပြီခဲ့တဲ့လအတွင်းကစလို့ အကြမ်းဖက်သမားတွေ အခြေပြုစခန်းချထားတဲ့ စခန်းငယ်ပေါင်း ၇ ခုထက္မနည်းကို နယ်ရှင်းလင်းရေးအဖွဲ့က လူ ၊ လက်နက်ခဲယမ်းများနဲ့အတူ သိမ်းဆည်းပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။