Trending Now

ရေတွင်းထဲ အမှိုက်ဆင်းသယ်ယူစဉ် အသက် ်ရှူမွန်းကြပ်၍ အမျိုးသား(၃)ဦး သေဆုံး

Spread the love

ရေတွင်းထဲ အမှိုက်ဆင်းသယ်ယူစဉ် အသက် ်ရှူမွန်းကြပ်၍ အမျိုးသား(၃)ဦး သေဆုံး

 

EPN
ဖားကန့်၊ ဇွန် ၁၂

ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ဆိုင်းရာရွာသစ်ကျေးရွာကျေးရွာတွင် ယမန်နေ့ ဇွန် လ(၁၁) ရက်၊ည(ရး၄၅)အချိန်က အမျိုးသား (၃)ဦးသည် နေအိမ်ခြံဝင်းအတွင်းရှိ ရေတွင်းထဲ အမှိုက်ဆင်းသယ်ယူစဉ် အသက်ရှူ မွန်းကြပ်၍ သေဆုံးခဲ့မှုဖြစ်ခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဆန်းအေး၊နေဝင်း၊ကျော်အောင်နှင့်သန်းထိုက်အောင်တို့မှာ ဒေါ ်ဆိုင်းအိမ်၏ နေအိမ်အတွင်းတွင် အရက်အတူသောက်နေရာမှ၊အဆိုပါနေအိမ်ဝင်းအတွင်းရှိ အနက်ပေ ၂၀ကျော် ခန့်ရှိ ရေတွင်းအတွင်း အမှိုက်ဆင်းဆယ်ယူစဉ် အသပ်ရှှုမွန်းကြပ်၍ အမျိုးသား(၃)ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ ရေတွင်းအတွင်း အသက်ရှူမွန်းကြပ်၍ သေဆုံးသူ(၃)ဦးမှာ ဆန်းအေး၊နေဝင်း၊ကျော်အောင်တို့ဖြစ်ပြီး၊ယင်းသေဆုံးမှုှဖြစ်စဉ်နှင့်ပါတ်သတ်၍ လိုအပ်သည်များကို တရားဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်နေကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

သတင်း-နောင်ရိုး
ဓါတ်ပုံ-လုံးခင်းနယ်မြေရဲစခန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။